ကျန်းမာရေးချို့တဲ့မှုများစွာရှိနေတဲ့ ပြည်တွင်းဒေသအနှံ့အပြားမှာ ကျန်းမာရေးဟောပြောမှုတွေမကြာခဏပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာ ပေး ဟောပြောပွဲကို ဒီကနေ့မွန်းလွဲ(၁) နာရီက ဖာပွန်မြို့ အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း ငိရပါတယ်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးစိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းက တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် အာဟာရနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။ ထို့နောက် သားဖွားဆရာမ ဒေါ်စန်းစန်းအေးက ကျန်းမာအောင်နေထိုင်နည်းများ၊ H1N1 ရာသီတုပ်ကွေး လက္ခဏာများနှင့် ကာကွယ်နည်းများအကြောင်းနှင့် အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်နန်းလွင်လွင်မော်က အပျိုဖော်ဝင်အမျိုးသမီးများ ကျန်းမာရေး အကြောင်းမျာကို ရှင်းလင်းပြောကြားကြပါတယ်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့် ပတ်သက်သည့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကျောင်းဈေးဆိုင်များစစ်ဆေးခြင်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

source - MoI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။