အခုခေတ်လူငယ်တွေဟာဆိုရင် အင်တာနက်တွေကို အသုံးများလာပြီး ညအိပ်စက်မှုတွေ ကိုပါထိခိုက်လာတဲ့အထိဖြစ်လာတာကိုတွေ့ရပါတယ်..။ အဲ့လိုဖြစ်ခြင်းကြောင့် စိတ်ဖိစီးမှုများစွာ ရရှိလာစေပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း ထိခိုက်လာနိုင်ပါတယ်နော်...။ လုံလောက်စွာ အိပ်စက်ခြင်းမှာသာလျှင် ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ လက္ခာမှုတစ်ရပ်ရရှိစေမယ်လို့ "ကော်လိုရာဒိုတက္ကသိုလ်" ရဲ့ လေ့လာဆန်းစစ်မှုတွေထဲက သိရှိရပါတယ်...။ လူတစ်ယောက်သည် ပျမ်းမျှအိပ်ချိန် တစ်နေ့လျှင် ၇နာရီလောက်ရှိရမှာဖြစ်ပါတယ်...။ မိမိခန္ဓာကိုယ်ကို လေနဲ့တိုက်ရိုက်ထိတွေ့ပြီး အိပ်စက်ခြင်းဟာလည်း သာလွန်ကောင်းမွန်တဲ့ ကျန်းမာရေးကို ပိုင်ဆိုင်စေမှာပါနော်....။

ခန္ဓာကိုယ်ကို နေမင်းမှလာတဲ့ သဘာဝအလင်းရောင်နဲ့ တိုက်ရိုက်ထိတွေ့ပေးခြင်းကို မကြာခဏဆိုသလိုပြုလုပ်ပေးရမှာဖြစ်ပါတယ်....။ ပျော်ပွဲစွားသွားတာပဲဖြစ်ဖြစ်၊ ခရီးသွားတာပဲဖြစ်ဖြစ် နေ့သာတဲ့ နေရာလေးမှာ ဖျာလေးခင်း၊ ဒါမှမဟုတ် ပုခပ်လေးလုပ်ပြီး နေပူစာလှုံပေးရမှာဖြစ်ပါတယ်...။ သဘာဝလေနဲ့လည်း ထိတွေ့တာမလို့ လိုအပ်တဲ့ အောက်ဆီဂျင်ကိုလည်း ရရှိစေပြီး ခန္ဓာကိုယ်ရှိပိုးမွှားများကိုလည်း သေစေနိုင်တာဖြစ်ပါတယ်...။ သဘာဝ ပြင်ပလေနဲ့ထိတွေ့ခြင်းဟာ မိမိခန္ဓာကိုယ်ရဲ့ ရောဂါမှ ကာကွယ်ပေးခြင်းစနစ် (ခုခံအား) ကိုတိုးမြှင့်ပေးပါတယ်...။ သန့်ရှင်းလုံလောက်တဲ့ အောက်ဆီဂျင်ကိုရရှိစေတဲ့အတွက်ကြောင့် ဦးနှောက်လုပ်ဆောင်မှု စွမ်းရည်ကိုလည်း မြှင့်တင်ပေးပါတယ်....။

နေ့စဉ်နဲ့အမျှ တိုက်တွေ၊ အိမ်တွေ၊ အဆောက်အအုံတွေကြားမှာ ပိတ်မိနေပြီး သဘာဝကြီးကပေးတဲ့ လက်ဆောင်ကို မေ့လျော့နေတတ်ပါတယ်....။ သဘာဝကြီးကပေးတဲ့ လက်ဆောင်တွေဟာဆိုရင်လည်း အခုခေတ် ၂၁ ရာစုရဲ့ နည်းပညာတိုးတက်မှုတွေရဲ့ နောက်ကွယ်က ဆိုးကျိုးတွေကြောင့် ကောင်းမွန်မှုကို ထင်ထားတာလောက်သိပ်ပေးစွမ်းနိုင်စွမ်း မရှိတော့တာပင်ဖြစ်ပါတယ်...။ မည်သို့ပင်ရှိစေကာမူ ပရိသတ်တို့အနေနဲ့ အချိန်ရရင်ရသလို မိမိရဲ့ သဘာဝပတ်ဝန်းကျုင်ကို ထိန်းသိမ်းစောင့်ရှောက်ရင်း နောင်လာနောင်သားတွေအတွက် ကောင်းမွန်မှုအပြည့်အဝပေးနိုင်တဲ့ သဘာဝလက်ဆောင်ကြီးကို အပြည့်အဝ ဖန်တီးပေးကြရမှာဖြစ်ပါတယ်...။ မိုးရာသီဖြစ်တာမလို့ နေသာတဲ့အချိန်လေးမှာ တတ်နိုင်သလောက် သဘာဝကပေးတဲ့ လေနဲ့ နေရောင်ခြည်အလင်းရောင်တို့ကို တိုက်ရိုက်ထိတွေ့ခံစားရင်း စိတ်ဖိစီးမှုဝေဒနာတွေကို လျှော့ချလိုက်ကြရအောင်နော်.....။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။