ရာသီ သွေးလာခြင်းက အရွယ်ရောက်ပြီး မိန်းကလေးတွေ ပထမဆုံးတွေ့ကြုံခံစားကြရမှာဖြစ်ပါတယ်။ အမျိုးသမီး တွေဟာရာသီလာခြင်းမှာ ဘာကြောင့် နည်းတာများတာ ဖြစ်ရလည်းဆိုတာကိုရှင်းပြ သွားမှာဖြစ်ပါတယ်။ရာသီလာခြင်းက တစ်လကို တစ်ကြိမ်ပုံမှန်မဖြစ်မနေ လာမှ ရမှာဖြစ်ပါတယ်။ ဒါကိုဂရုစိုက် ဖို့လိုပါတယ်။ဘယ်ရက်အတိကျလာရမယ်လို့ သတ်မှတ်မထားပါဘူး။ တစ်ချိုဆို တစ်ခါလာရင် နှစ်ရက် သုံးရက် အများဆုံး ၇ ရက်လာတတ်ကြပါတယ်။ 

ရာသီမလာတဲ့အခါ ပုံမှန်အားဖြင့် စိုးရိမ်တတ်ကြပါတယ်။ဒါပေမဲ့ ရာသီမလာတာဟာ ကိုယ်ဝန်ကြောင့် ဖြစ်နိုင်ပြီး တစ်ချို့ကတော့ သွေးဆုံးခါနီး အချိန်တွေမှာလည်းဖြစ်တတ်ပါတယ်။ နောက်တစ်မျိုးကတော့ အိမ်ထောင်လည်း မရှိပါပဲနဲ့ ရာသီမလာဘူးဆိုရင် သာအိမ်အလုံးအကြိတ်ဖြစ်တည်နေတတ်ကြပါတ်ယ။ နောက်တစ်မျိုးက ဆေးတွေအများကြီးသောက်နေရပြီး ဟော်မုန်အပြောင်းလဲကြောင့်လည်း ဖြစ်တတ်ကြပါတယ်။ တစ်လလောက်စောင့်ကြည့်ပြီးမှ မလာဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ 

ရာသီလာတဲ့ အချိန်မှာခေါင်းလျော်ရင်လည်း ရာသီထိန်တတ်ကြတယ်လို့ ယူဆတတ်ကြပါတယ်။ တစ်ကယ်တော့ ရာသီလာချိန်မှာခေါင်းလျော်လို့ ဘာမှမဖြစ်ပါဘူး။ နောက်တစ်မျိုးက ကော်ဖီ၊ လက်ဖက် တို့စားရင်လည်း ရာသီထိန်တတ်တယ်လို့ ပြောကြတာဟာလည်း မဆိုင်ပါဘူး။ ရာသီလာတဲ့အတွက် ကုန်ဆုံးသွားတဲ့ သံဓာတ်ဖြည့်စာ တွေကိုစားပေးဖို့တော့ လိုပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရိုစိုက် သင့်ပါတယ်။ နောက်တစ်မျိုးက အိပ်ယာထဲခွေခွေလေးနေမဲ့အစား လေ့ကျင့်ခန်းလုပ်ပေးရင်တောင် ပိုကောင်းပါသေးတယ်။ pad ထုတ်တွေကိုလည်း တစ်ခုကို တစ်ရက်လုံးမသုံးမိပါစေနဲ့။ ၄ နာရီတစ်ခါ လှဲပေး ဖို့တော့ လိုပါတယ်။  

Source : Youtube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။