၂၁ ရာစုခေတ်ကြီးမှာဆိုရင် အမျိုးသားတွေကော၊ အမျိုးသမီးတွေကော ကျန်းမာကြံ့ခိုင်ဖို့အတွက်နဲ့ အမိုက်စားခန္ဓာကိုယ်ရရှိစေရန် gym တို့၊ yoga တို့၊ zumba အစရှိတဲ့ မိမိကြိုက်နှစ်သက်ရာ လေ့ကျင့်ခန်းတွေကို ပြုလုပ်ကြတာပဲဖြစ်ပါတယ်...။ ထိုသို့ပြုလုပ်လေ့ကျင့်ရမှာ နည်းလမ်းမှန်ကန်ဖို့ လိုအပ်ပြီး မိမိရည် မှန်းထားတဲ့ Muscle ပမာဏ၊ မိမိလိုချင်တဲ့ body တိုက်မျိုးကို သက်မှတ်ထားတဲ့ အချိန်အတွင်းမှာ ရရှိရမှာဖြစ်ပါတယ်...။ သို့မှသာ အပင်အပန်းခံရကျိုး၊ အချိန်ကုန်ရကျိုးနပ်မှာဖြစ်ပါတယ်...။ ဆရာဝန်များနှုတ်ကထုတ်ဖော်ပြောဆိုထားတဲ့ "ခန္ဓာကိုယ်လှပမှုနဲ့ဆိုင်သော လေ့ကျင့်ခန်းများလုပ်ဆောင်ရာတွင်" ကျန်းမားရေထိခိုက်မှု အန္တရာယ်မရှိစေသော နည်းလမ်းများကို အကြံပေးအပ်မှာဖြစ်ပါတယ်...။

"Diet" လုပ်ဆောင်ရာတွင် မှန်ကန်သော နည်းလမ်းနဲ့ စနစ်တကျ ဝိတ်ချဖို့ အရေးကြီးပါတယ်...။ "body building" ကိုအဓိကအားထားလုပ်ဆောင်နေသူတွေက တစ်နေ့ကို ကယ်လိုရီနဲ့ ပရိုတင်းကို လုံလုံလောက်လောက်စားသောက်ပေးရမှာဖြစ်ပါတယ်...။ "slim body" ကိုလိုချင်တဲ့ ပျိုမေတွေဟာဆိုရင် အသီးအရွက်ကို အသားငါးထက် ပို၍ စားသုံးရမှာဖြစ်ပြီး ရေကိုလည်း တစ်နေ့တာအတွက် လုံလောက်စွာ သောက်သုံးပေးရမှာပါ...။ "Diet" ဆိုပြီး ပါးစပ်ကပြောနေပေမယ့် အသားအငါးတွေ၊ အဆီတက်မယ့် အစာတွေကိုပဲစားနေရင်တော့ အဆင်မပြေပါဖူးနော်...။ မိမိလိုချင်တဲ့ body အချိုးအစားပေါ် မူတည်ပြီး တက်ကျွမ်းနားလည်သူ၊ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အပေါ်မူတည်ပြီး စားသောက်နေထိုင်တာဟာ သင့်အတွက် အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်....။

ရေကူးတာဟာလည်း သင်ရဲ့ လက်မောင်းကြွက်သားကို အထောက်အပံ့များစွာ ရရှိစေတာပါ...။ အလေးမတာဖြစ်ဖြစ်၊ gym ဆော့ရမှာ အသုံးပြုတဲ့ စက်ကိရိယာများအစရှိတာတွေကို နည်းစနစ်မှန်စွာ အသုံးချတတ်ဖို့ လိုအပ်လှပါတယ်..။ မိမိသိထားရုံ၊ ကြားဖူးနားယောင် လောက်နဲ့မျှ တစ်စုံတစ်ဦးရဲ့ လမ်းညွှန်ပြသမှု မပါဘဲ မိမိဘာသာ ထင်ရာစိုင်းပြီး လုပ်ချင်းက ဘာမှမထူးခြားဘဲ ခန္ဓာကိုယ်ကိုပါ ထိခိုက်တာတွေ၊ ဆိုးကျိုးတွေဖြစ်ပေါ်စေမှာပါ....။ နေ့ရက်နဲ့လိုက်ပြီး ဆော့ကစားပုံစံ၊ စားသောက်မှုပုံစံတွေက ကွာခြားတာမလို့ မိမိခန္ဓာကိုယ် muscle ထုထည်တွေကြီးမားဖို့၊ ကိုးရီးယားမလေးကို slim body ရရှိစေဖို့ ဘယ်ကစားနည်းမှာမဆို မိမိထက်တက်ကျွမ်းသူ၊ နည်းပြဆရာများရဲ့ စကားကိုနားထောင်ဖို့ အရေးကြီးလှပါတယ်...။ အခုမှာဆိုရင်လည်း ပုံရိပ်လေးတွေနဲ့တကွ လေ့ကျင့်ပုံနည်းလမ်းတွေကိုပြသထားပြီး စာဖတ်ပရိသတ်ကြီးရဲ့ ထင်မြင်ချက်တွေကိုလည်း အကြုံပြုသွားပါဦးနော်...။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။