ဒီသတင်းကိုကြားလျှင် ခဏတာလောက် ထူးဆန်းသွားမှာ အမှန်ပင်ဖြစ်ပါတယ်...။ ဒါပေမယ့် ဒါဟာတစ်ကယ်ပဲ သင်ရဲ့ အကြောင်းကို များပြားသော စကားလုံးတွေ မသုံးရပဲဖော်ပြပေးနေတာပါဖြစ်ပါတယ်...။ သင်ရဲ့ အိပ်တွင်းထဲက မိတ်ကပ်ပစ္စည်းများမှ သင်ဘယ်လိုလူမျိုး၊ ဘယ်လိုစိတ်နေစိတ်ထားရှိတယ်ဆိုတာ အများကြီးဖော်ပြပေးနေတာပါနော်...။ ကျွန်မတို့ မျက်နှာပေါ်တင်လိုက်တဲ့ မိတ်ကပ်တွေဟာဆိုရင် အရောင်ပေါ်လိုက်ပြီး ကျွန်မတို့ရဲ့ အကြောင်းတွေကို ပြသပေးနေတာဖြစ်ပါတယ်...။

နှုတ်ခမ်းပေါ် ဆွဲချက်တွေနဲ့ အထူအပါး ကွာခြားချက်တွေပေါ်လိုက်ပြီး ကျွန်မတို့ရဲ့ စိတ်နေစိတ်ထားဟာဆိုရင်လည်း ခြားနားတဲ့ အဓိပါ္ပယ်များစွာကို ဖော်ပြနေတာဖြစ်ပါတယ်...။ အနီရောင်များသောသူများက စိတ်နေစိတ်ထား အလွန်ထက်သန်ပြီး၊ လိမ္မော်ရောင်သန်းသော သူများဟာဆိုရင် စိတ်စေတနာ ကောင်းမွန်ကြွယ်ဝသူတွေလို့ ယူဆလို့ရပါတယ်နော်...။ သင်ရဲ့ အဖွဲ့တွေထဲမှာ သင်ဟာ ဂရုစိုက်မှုအခံရဆုံးသူဆိုရင် ပန်းရောင်ဆိုးတဲ့ သူပဲဖြစ်ပါတယ်...။ ဘာကြောင့်လဲဆိုရင် တစ်စုံတစ်ယောက်က ပြသနာရှိလျှင်၊ ထိုသူရဲ့ အခက်အခဲကို မျှတအောင်ဆုံးဖြတ်ပေးပြီး နားလည်ပေးတတ်သူပဲဖြစ်တာမလို့ပါနော်...။ တစ်ခါတစ်ရံ ပန်းရောင်ဆိုးထားတဲ့သူတွေကို ထောက်ပြရရင်တော့ ခံစားချက်လွယ်သူတွေပဲ ဖြစ်ပါတယ်...။ ဘယ်လိုပဲဖြစ်ဖြစ်၊ သင်ရဲ့ လူတွေပေါ်ထားတဲ့ လျှင်မြန်တဲ့ တုံ့ပြန်မှုတွေကြောင့် ထိုသူတွေရှိမှ အသိအမှတ်ပြုမှုကိုလည်း ပြန်လည်ရရှိတာဖြစ်ပါတယ်...။ ဒါဟာ ပန်းရောင်ဆိုးသူတွေက ဖော်ပြနေတဲ့ အားသာချက်ပါပဲနော်...။

"နှုတ်ခမ်းနီအနက်ရောင်" ဆိုးထားသူနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် သင်ရဲ့အကြောင်းကို တစ်စုံတစ်ယောက်က အားရပါးရ အနားမှာလာပြောနေရင်တောင် တစ်ဆက်မှ ဂရုမစိုက်တဲ့ သူပဲဖြစ်ပါတယ်...။ သင့်ဘဝ၊ သင့်ရပ်တည်ချက်၊ သင့်မှန်ကန်မှုတွေနဲ့ ရဲဝံ့စွာ အကောင်းဘက်ကတွေးပြီး လွတ်လပ်စွာ ဖြတ်သန်းကြသူတွေပဲဖြစ်ပါတယ်...။ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာဖို့ ခေါင်းထဲသိပ်မရှိ...၊ "ဘောင်အပြင်ကိုထွက်ပြီး တွေးတောကြသူ" တွေလည်းဖြစ်ပါတယ်...။ သင့်မှာ ဒသန ဗေဒဆိုင်ရာ ကျွမ်းကျင်မှုအားကောင်းပြီး၊ အမြဲတမ်း ကမ္ဘာကြီးရဲ့ ဖြစ်တည်မှုကို လေ့လာသုံးသပ်နေကြသူတွေပဲဖြစ်ပါတယ်...။ ကဲပရိသတ်ကြီးရေ.....အဆိုပါအကြောင်းရာနဲ့ ပတ်သက်ပြီး သင်ရဲ့ အတွေ့အကြုံကိုလည်း ဝေမျှသွားပေးပါဦး...။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။