သင့်ရဲ့တစ်နေ့တာကို လန်းဆန်းစွာဖြတ်သန်းနိုင်ဖို့အတွက်..

၁။ ရေသောက်ပါ

အိပ်ရာက နိုးနိုးချင်း ရေသောက်ပေးပါ။ အိပ်ရာနိုးနိုးချင်းရေသောက်တာဟာ မင်းရဲ့ ကိုယ်ခန္ဓာနဲ့သွေးလှည့်ပတ်မှုကို ကောင်းမွန်စွာစတင်ပေးမှာဖြစ်ပြီး ဦးနှောက်ကိုလည်း ချက်ချင်းလန်းဆန်းအောင်လုပ်ဆောင်ပေးနိုင်တဲ့ ဖြတ်လမ်းနည်းပါပဲ။

၂။ အိပ်ရာထဖို့အချိန်မဆွဲပါနဲ့

Alarm တွေကို Snooze လုပ်ပြီး အိပ်ရာက ထဖို့ကို ၅မိနစ် ၁၅မိနစ်နဲ့ ရသလောက် အချိန်ဆွဲမနေပါနဲ့။ အဲဒီလိုလုပ်တာက သင့်ကို ပိုမိုပျင်းရိသွားစေပြီး တစ်နေ့တာလုံးလုပ်ငန်းဆောင်တာတွေကို လိုက်အနှောင့်အယှက်ပေးတော့မှာပါ။ ဒါကြောင့် Alarm တစ်ချက်စမြည်တာနဲ့ အိပ်ရာကထဖို့ အသင့်ပြင်ထားလိုက်ပါ။

၃။ အခန်းကိုလန်းဆန်းအောင်လုပ်ပါ

သင်ကိုယ်သင် မနက်လင်းတိုင်းမှာ လန်းဆန်းနေချင်ရင် အခန်းကို အရင်ဆုံးလန်းဆန်းအောင် လုပ်ပါ။ သင့်ရဲ့အခန်းကို လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ရအောင် ပြင်ဆင်ပါ။ မနက်နေထွက်တာနဲ့ သင့်အခန်းထဲကို အလင်းရောင်နဲ့ လေပြေလေညှင်းတွေ ဝင်လာတာက မှောင်မိုက်ပြီး အောက်သိုးသိုးဖြစ်နေတဲ့အခန်းထက်တော့ ပိုမိုပြီး သင့်စိတ်နဲ့ ခန္ဓာကို လန်းဆန်းစေပါတယ်။

၄။ လေ့ကျင့်ခန်းယူပါ

အိပ်ရာက စောစောထပြီး လေ့ကျင့်ခန်းလုပ်တာကလည်း မင်းကို လန်းဆန်းစေမှာပါ။ နောက်ကျတဲ့အထိ အိပ်ပြီး အလုပ်ကို ကသုတ်ကရုတ်ထသွားတာထက်စာရင် အိပ်ရာက စောစောထပါ။ သင့်ရဲ့အိမ်မှာ လေ့ကျင့်ခန်းပစ္စည်းတွေမရှိဘူးဆိုရင်တောင်မှ ကိရိယာလွတ်လေ့ကျင့်ခန်းတွေ အင်တာနက်မှ ဒေါင်းလုတ်ရယူပြီး ကြိုးစားကြည့်လို့ရပါတယ်။ မနက်ပိုင်း လေ့ကျင့်ခန်းယူခြင်းက သင့်ရဲ့စိတ်ကိုလန်းဆန်းစေရုံသာမက နှလုံးနဲ့ ကိုယ်တွင်းကလီစာကျန်းမာရေးများအတွက်ပါ အများကြီး အထောက်အကူပြုပါတယ်နော်။

၅။ သီချင်းနားထောင်ပါ

သီချင်းနားထောင်ခြင်းကလည်း သင့်စိတ်ကို လန်းဆန်းစေမယ့် နည်းလမ်းတစ်ခုပါပဲ။ အိပ်ရာကနိုးလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ သင့်ရဲ့ Playlist ထဲက နံနက်ခင်းနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် သီချင်းလေးတွေကို အသံခပ်တိုးတိုးဖွင့်ထားရင် သင့်ရဲ့ ပျင်းရိနေတဲ့စိတ်ကို ပြောင်းလဲပေးပါလိမ့်မယ်။

၆။ ရေအေးနဲ့ချိုးပါ

ဒီအချက်အတွက် အကြောင်းပြချက်ရှည်ရှည်ဝေးဝေးပေးစရာတော့ ဘာမှမရှိပါဘူး။ ဒါပေမယ့် ရေအေးအေးလေးနဲ့ မနက်ခင်းကို ရေချိုးပြီးစတင်လိုက်တာက သင့်အတွက် အလုပ်ဖြစ်မှာပါ။

၇။ ကော်ဖီကို ဆေးလိုမသောက်ပါနဲ့

အဲဒါက စိတ်ရောဂါအပျော့စားတစ်ခုပါပဲ။ စိတ်ပင်ပန်းနေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ မနက်မိုးလင်းတာနဲ့ ကော်ဖီသောက်လိုက်ရမှ လန်းဆန်းတယ်လို့ ခံစားရတဲ့သူတွေကို အဓိကထားပြောချင်တာပါ။ အဲ့တာကတော့ ကော်ဖီကို ဆေးလို မမှီဝဲဖို့ပါပဲ။

၈။ မနက်စာစားပါ

ဘယ်တော့မှာ မနက်စာစားဖို့ မကျော်ပစ်ပါနဲ့။ တစ်နေ့တာလုံးအတွက် အာဟာရက မနက်စာပါ။ အဲဒီ့မနက်စာမှ မစားပဲနေလိုက်မယ်ဆိုရင် တစ်နေကုန် သင့်အတွက် စိတ်ချမ်းသာလန်းဆန်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဘယ်လောက်ပဲအလုပ်နောက်ကျပါစေ၊ ကျောင်းနောက်ကျပါစေ မနက်စာတော့ စားဖြစ်အောင်စားပြီးမှ သွားလိုရာသွားပါ။

၉။ စကားစမြည်ပြောပါ

အိပ်ရာထတာ ဘယ်လောက်ပဲနောက်ကျပါစေ သုတ်သုတ်ရေချိုး သုတ်သုတ်သွား မလုပ်ပါနဲ့။ မိသားစုကို မနက်စာ စားရင်းနဲ့ပဲဖြစ်ဖြစ်၊ အလှပြင်ရင်းနဲ့ပဲဖြစ်ဖြစ် စကားစမြည်ပြောပါ။ အလုပ်ထဲက ရယ်မောစရာကိစ္စလေးတွေပဲဖြစ်ဖြစ် ဟာသလေးတွေပြောရင်း မနက်တစ်ခုကို စတင်လိုက်တာဟာလည်း သင့်အတွက် လန်းဆန်းဖို့ ကူညီမှာပါ။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။