ချောင်းဆိုးခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်..။ အဆုတ်မြှေးရောင်လျှင်လည်း ချောင်းဆိုးရောဂါဖြစ်နိုင်ပါတယ်..။ အဆုတ်မြှေး ရောင်ခြင်းက ရံဖန်ရံခါ တီဗီရောဂါနှင့် ယှဉ်၍လည်းဖြစ်တတ်ပါသေးတယ်..။ အဆုတ်အတွင်းရှိ သွေးကြောအချို့ ပေါက်သွားခြင်းကြောင့်လည်း ချောင်းဆိုးရောဂါဖြစ်နိုင်ပါသေးတယ်...။ အဆုတ်သည် သွေးကို စုဆောင်းထားရာ အင်္ဂါမဟုတ်သည့်အတွက် ချောင်းဆိုးလိုက်သောအခါ သွေးသည် ချွဲသလိတ်နဲ့အတူ ပြင်ပသို့ ထွက်လာပါတယ်...။ ဤသို့ဖြစ်ခြင်းကို ချောင်းဆိုးလျှင် သွေးပါသည်ဟုဆိုရပါမယ်....။ အဆုတ်ထဲသို့ တျူဗာကယ်များဝင်နေခြင်းကြောင့်လည်း ချောင်းဆိုးရောဂါဖြစ်နိုင်ပါသေးတယ်...။ အဆုတ်တွင် တျူဗာကယ်ရှိနေလျှင် အများအားဖြင့် အမြစ်ခြောက်နာ စွဲကပ်တတ်ပါသေးတယ်...။

အသက်ရှူလမ်းကြောင်းနှင့် ဆက်သွယ်သော နာဗ်ကြော(အာရုံကြော)များ ဖုရောင်ခြင်းကြောင့်လည်း ချောင်းဆိုးနိုင်ပါသေးတယ်....။ ထိုချောင်းမျိုး ဆိုးရာတွင် အသက်ရှူရ အလွန်ကျပ်လှပါတယ်...။ ဝမ်းဗိုက်အတွင်းရှိသော အင်္ဂါများ၊ အထူးသဖြင့် ဒိုင်ယာဖရမ်နှင့် ပူးကပ်လျက်တည်ရှိသော အင်္ဂါများ၏ ဖောက်ပြန်မှုကြောင့်လည်း ချောင်းဆိုးနိုင်ပါသေးတယ်...။ ကျောက်ကပ်၊ ပန်ကရိ၊ သရက်ရွက်တို့၏ ဖောက်ပြန်မှုကြောင့်လည်း ချောင်းဆိုးနိုင်ပြီး အချုပ်အားဖြင့်ဆိုရလျှင် ဝမ်းဗိုက်အတွင်းရှိ အင်္ဂါများ ဖောက်ပြန်လျှင်လည်း ချောင်းဆိုးရောဂါဖြစ်တတ်ပါပေတယ်...။ ချောင်းဆိုးရာတွင် ရင်ကျပ်နာ၊ တီဗီရောဂါ၊ အဆုတ်ရောင်နာ၊ ကြက်ညှာချောင်း စသော ရောဂါလက္ခဏာများ ဖြစ်နိုင်ပါတယ်..။ အဆုတ်ကို ဆက်သွယ်သော ပြွန်ချောင်းနှင့် လေဝင်လေထွက်ရာ လမ်းကြောင်းများကို ပြင်ပအညစ်အကြေးမှကင်းစင်စေရန်မျှ သာ ချောင်းဆိုးခြင်းသည် ကျန်းမာရေးနှင့် ညီညွှတ်၏။ ချောင်းဆိုးလွန်ခြင်းသည် ရင်ပတ်ကြွက်သားနှင့် ဝမ်းဗိုက်ကြွက်သားများကို နာကျင်စေတတ်သဖြင့် အဆက်မပြတ်ချောင်းဆိုးခြင်းကို ပျောက်ကင်းအောင် ကုသသင့်၏။ ကြက်ညှာချောင်းသည် အလွန်ကူးစက်လွယ်သော ရောဂါဖြစ်၍ ကြီးပြင်းသော သူများထက် ကလေးငယ်များ၌ အများအားဖြင့် ဖြစ်တတ်သည်။ ကြက်ညှာရောဂါဖြစ်သော လူနာသည် တစ်ခါတစ်ရံ မျက်စိကန်းနိုင်တာတို့၊ နားပင်းတာတို့ဖြစ်တတ်ပြီး..၊ တီဗီရောဂါကိုလည်း စွဲကပ်နိုင်တာမလို့ အထူးဂရုစိုက်ကြရမှာပါ..။

ချောင်းဆိုးနေချိန်တွင် ပါးစပ်မှထွက်လာသော တံတွေးမှုန်နှင့် နှာခေါင်းမှ ထွက်လာသော နှာရည်မှုန်များ ပြင်ပသို့ လွင့်စင်မသွားရအောင် အဝတ်ပိုင်း၊ အဝတ်စကလေးများဖြင့် နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်ထားသင့်ပါတယ်..။ ပေကျံနေသော အဝတ်စများကို မီးရှို့ပစ်ရပါမယ်...၊ လူနာ၏ အသုံးအဆောင်ဖြစ်သော ပန်းကန်ပြား၊ ဇွန်း၊ ခက်ရင်း၊ လက်သုတ်ပုဝါနှင့် မျက်နှာသုတ်ပုဝါကို သီးခြားထားရှိရပါမယ်...။ ကလေးသူငယ်ကို နေ့စဉ် စားနေကျ အဟာရဖြစ်မည့် အစားအစာကို စားစေ၍ လေကောင်းစွာရသော အခန်းတွင် အိပ်ခိုင်းရမှာပါနော်..။ လေကောင်းလေသန့်သည်ထိုရောဂါပျောက်ကင်းဖို့အတွက် အကူအညီ အထောက်အပံ့တစ်ရပ်ပင်ဖြစ်သည်...။ ချောင်းဆိုးခြင်းသည် အခြားရောဂါကြီးများ ဖြစ်အောင် လမ်းခင်းပေးတတ်သဖြင့် ချောင်းဆိုးရောဂါဖြစ်သည်ဟု ခံစားလာရလျှင် တတ်ကျွမ်းနားလည်သော ဆရာဝန်များထံ၌ အစစ်ဆေးခံကာ အမြန်ဆုံးပျောက်ကင်းအောင် ကုသရပေမည်......။

Source ဝီကီပီးဒီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။