ဇူလိုင်လမှစက်တင်ဘာလအထိ မိုးကာလများတွင် မြန်မာနိုင်ငံအတွက် တုပ်ကွေးအဖြစ်များသော ရာသီချိန်ဖြစ်ပါတယ်...။ ရာသီအချိန်မှီရောဂါကာကွယ်ရေး၊ ရောဂါရှာဖွေးရေးနှင့် ကုသရေးတို့ကို ပြုလုပ်နိုင်ရန်အတွက်လိုအပ်သော ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန်မှာ အလွန်အရေးကြီးပါသည်..။ သို့ဖြစ်သောကြောင့် အောက်ပါ လွယ်ကူရိုးရှင်းသည့် တုပ်ကွေးရောဂါနှင့် ပတ်သက်သောအကြောင်းအရာများကိုမျှဝေပေးလိုက်ပါတယ်...။ ရာသီတုပ်ကွေးဆိုတာကတော့... တစ်ကမ္ဘာလုံးအနှံ့ရောက်ရှိနိုင်သော ရာသီတုပ်ကွေးဗိုင်းရပ်ရောဂါပိုးများကြောင့် ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးပင်ဖြစ်ပါတယ်...။ ၎င်းဗိုင်းရပ်ရောဂါပိုးများသည်လူတစ်ဦးမှာ အခြားတစ်ဦးသို့ အမှုန်အမွှားမှတစ်ဆင့် ကူးစက်ပျံ့ပွားနိုင်ပါတယ်..။

ရာသီတုပ်ကွေး ဖြစ်ပွားလျှင် အောက်ပါရောဂါ လက္ခဏာများ ခံစားရနိုင်ပါတယ်..။ အဖျားရှိခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုခြင်း (အများအားဖြင့် ချောင်းခြောက်ဆိုးခြင်း)၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ရောဂါကူးစက်သည့်အချိန်မှ ရောဂါလက္ခဏာများ စတင်ခံစားရသည့်အချိန်ကာလမှာနှစ်ရက်ခန့် ဖြစ်ပေသော်ငြားလည်း တစ်ရက်မှ လေးရက်အတွင်းလည်း ဖြစ်နိုင်ပါတယ်..။

ရာသီတုပ်ကွေးကာကွယ်နိုင်ရန် အကြံပြုချက်များကိုလည်း စာဖတ်ပရိသတ်ကြီးတို့ ဗဟုသုတရစေရန်၊ ကြိုတင်သိရှိနိုင်ရန်အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်...။ နှာချေ၊ ချောင်းဆိုးလျှင် မိမိနှာခေါင်းနှင့် ပါးစပ်ကို မိမိ၏တံတောင်ဆစ် (သို့) လက်မောင်းနှင့် ပိတ်၍ဆိုးပါ...သို့မဟုတ် တစ်ရှူးစက္ကူဖြင့် မိမိနှာခေါင်းနှင့် ပါးစပ်တို့ကို လုံအောင်ပိတ်၍ဆိုးပါ..။ ထို့နောက် အသုံးပြုပြီးသား တစ်ရှုးစက္ကူကို သေချာစွာ စွန့်ပစ်၍ မိမိလက်ကိုဆပ်ပြာ၊ ရေတို့ဖြင့် သေချာစွာ ဆေးကြောရမှာပါ..။ အာဟာရရှိသော အစားအစာများကို စားသုံးပါ..။ ရေများများသောက်ကြပါ..။ မိမိလက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် မကြာခဏသေချာစွာ ဆေးကြောပါ..။ ကောင်းစွာအနားယူပေးကြရမှာဖြစ်ပြီး...၊ မပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုကိုပြုလုပ်ကြရမှာဖြစ်ပါတယ်...။ မိမိတွင်အထက်ပါရာသီတုပ်ကွေး ရောဂါ လက္ခဏာများ ခံစားနေရသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေး ဝန်ထမ်းများထံတွင် အကြံဉာဏ်တောင်းယူ၍ စောင့်ရှောက်မှုကိုခံယူကြရမှာဖြစ်ပါတယ်...။

Source World Health Organization Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။