ကဲ သူငယ်ချင်းတို့ရေ သင်္ကြန်တွင်းတစ်တွင်းလုံး နေပူပူမှာကဲထားတဲ့ဒဏ်တွေကြောင့် အသားတွေနေလောင်ပြီး စိတ်ညစ်နေပါသလား။ ကဲ နေလောင်ဒဏ်တွေ အမြန်ဆုံးသက်သာသွားအောင် ဒီလိုလေး ကုသကြရအောင်…

1. နေလောင်တဲ့နေရာကို အေးတာကပ်ပေးပါ။ ရေအေး + ရေခဲ။

2. ရေအေးနဲ့ရေချိုးပါ။ ရေထဲမှာ ဗနီဂါရည်တခွက်ပါထည့်ချိုးတာကောင်းတယ်။ အုတ်စပါးလည်းထည့်လို့ရတယ်။ ရေထဲဆော်ဒါမှုံ့ထည့်တာလည်းကောင်းတယ်။

3. သခွါးသီးလည်းကောင်းတယ်။ ရှားစောင်းလက်ပတ်လည်းလိမ်းကြတယ်။

4. Lidocaine ပါတာလိမ်းရင် ထုံဆေးဖြစ်လို့ နာနေတာသက်သာမယ်။

5. 1% hydrocortisone cream လိမ်းဆေးကို တပါတ်ကြာလိမ်းပါ။ နားထားပြီး လိုသေးရင် ထပ်လိမ်းပါ။

6. ibuprofen (Advil, Motrin) နဲ့ naproxen (Aleve) စားဆေးကနေ နာနေ ရောင်နေတာသက်သာစေမယ်။

7. နွားနို့ခပ်အေးအေးလိမ်းနိုင်တယ်။ သိပ်အေးတာမဟုတ်ပါ။ ရောဂတ် (ဒိန်ချဉ်ခဲ) လည်းကောင်းတယ်။

8. ဗီတာမင် (အီး) အဆီ လိမ်းနိုင်တယ်။ သောက်လည်းကောင်းတယ်။

9. အေးနေတဲ့ လက်ဖက်ခြောက်ရည်လည်းကောင်းတယ်။ tannic acid ပါလို့ဖြစ်တယ်။

10. Aluminum acetate ပေါင်ဒါပါတဲ့ဆေးဆိုရင် ယားတာသက်သာစေမယ်။

11. ဆပ်ပြာသုံးတာ ခဏရှောင်ထားပါ။

12. နေရောင်ထဲမထွက်ခင် Sunscreen ကိုမိနစ် ၃ဝ ကြိုလိမ်းထားပါ။ Sun protection factor (SPF) 15 နဲ့ 30 ရှိတာကောင်းတယ်။

13. ရေပိုသောက်ပါ။ အရည်ရွှမ်းအသီးတွေစားပါ။

14. နောက်ထပ်နေလောင်မခံပါနဲ့။ နေလောင်တာမဟုတ်ပဲ အလာဂျီသဘောဆိုရင် Calamine lotion လိမ်းပါ။

15. အပူဖုပေါက်လာရင် မဖေါက်ပါနဲ့။ ပေါက်သွားရင်တော့ အပါ်ယံကွာသွားတာလေးကို ပြန်ကပ်ထားပေးပါ။ ပတ်တီးထက်ကောင်းတယ်။ ရှေးဦးသူနာပြု အပျော့စားပိုးသေဆေးတခုခု လိမ်းထားပါ။

Source: Dr. Tint Swe

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။