လူအများစုဟာ အိပ်ရေးမဝခြင်း ၊ အိပ်ရေးဝဝ မအိပ်ရခြင်းကို ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်းအဖြစ်သာ မြင်ကြပါတယ်။ အထူးသဖြင့် အမျိုးသမီးများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အိပ်စက်ခြင်းက အရေးပါလှပါတယ်။ အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးကလည်း အားပြန်ယူကာ သန့်စင်စေတာဖြစ်ပါတယ်။ လေ့လာ သင်ယူသော အသစ် အသစ်သော အရာတွေကို ဦးနှောက်က မှတ်ဉာဏ်အဖြစ် မှတ်သားထားဖို့ လုပ်ဆောင်ပါတာဖြစ်ပါတယ်။

ပျက်စီးနေတဲ့ တစ်သျှူးတွေကို ပြန်လည်ပြုပြင်ဖို့အတွက် ကြီးထွားခြင်း ဟိုမုန်းတွေ ကို ထုတ်လုပ်ပြီး စိတ်ဖိစီးမှုတွေရဲ့ဆိုးကျိုးတွေကို ပိတ်ပင်ထားဆီးပါတယ်။ ကောင်းမွန်စွာ အိပ်စက်ရတယ်ဆိုရင် ဒီလို ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အခြေအနေတွေက အကောင်းမွန်ဆုံးပဲ ဖြစ်ပါတယ်။ ကောင်းမွန်စွာ မအိပ်စက် ရဘူးဆိုရင်တော့ လူဟာ လေးလံထိုင်းမှိုင်းနေပြီး မှန်ကန်စွာ မတွေးတတ် တော့ပါဘူးနော်....။ အဲဒီအတွက် ဆုံးဖြတ်ချက်တွေလည်း မှန်သင့်သလောက် မမှန်နိုင်တော့တာဖြစ်လာနိုင်ပါတယ်...။ ဥပမာဆိုရရင် မိမိအလွယ်တကူထားခဲ့တဲ့ ပစ္စည်းဥစ္စာတစ်ခုခုကို ဘယ်နေရာမှာထားခဲ့သလည်း ဆိုတာကိုတောင် မှတ်မိဖို့ ခက်ခဲလာတတ်ပါတယ်နော်...။ အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကတော့ နှလုံးရောဂါ၊ လေဖြတ်ခြင်း ၊ ဆီးချိုရောဂါ တို့ကို လွယ်ကူစွာ ဖြစ်စေနိုင်ပြီး တချို့လူတွေမှာတော့ အဝလွန်လာတတ်တာကိုတွေ့ရှိရမှာပါ...။

အမျိုးသမီးများက သူတို့ လုပ်ချင်တာ ဖြစ်ချင်တာတွေကို ဦးစားမပေးရဘဲ၊ နံပါတ် ၁ နေရာမှာ မထားရဘဲ သူများအတွက် ၊ သူမရဲ့ အချိန်တွေကို မိသားစုအတွက်သာ ပေးရသူများ ဖြစ်ကြပြီး ကောင်းမွန်စွာ အိပ်စက်ရခြင်းဟာ အမျိုးသမီးများရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှု အတွက် အလိုအပ်ဆုံး ဖြစ်ပါတယ်။ အိပ်ရာ တစ်ခုတည်းမှာ အတူအိပ်တဲ့ ခင်ပွန်းဖြစ်သူ၏ ဟောက်သံကြောင့် အိပ်မပျော်ဖြစ်ရတယ်ဆိုရင် ခင်ပွန်းဖြစ်သူကို အိပ်စက်ချိန်မှာ ဟောက်ခြင်းကို ကုစားဖို့ တိုက်တွန်းဖို့လိုပါတယ်။ တကယ်လို့ ခင်ပွန်းဖြစ်သူက ဆေးကုဖို့ ငြင်းဆန်မယ်ဆိုရင် သူ့ကို တခြားအခန်းမှာ သီးခြားအိပ်စေခြင်းက အကောင်းဆုံးပါပဲနော်....။ အိပ်ရာမဝင်ခင် ၆ နာရီမှ ၁၀ နာရီအတွင်းမှာ ကော်ဖီ ၊ လက်ဖက်ရည်၊ ချော့ကလက်ရည်တို့ကို မသောက်သင့်ပါဘူး။ နွားနို့သောက်ခြင်းက အိပ်စက်လိုမှုကို ဖြစ်ပေါ်စေပြီး ညဖက်မှာ နွားနို့သောက်ဖို့ တိုက်တွန်းပါရစေ....။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကလည်း ကောင်းမွန်စွာ အိပ်စက်ခြင်းကို အကျိုးသက်ရောက်စေတဲ့အတွက် ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်းကို အလေ့အထ ပြုလုပ်သင့်ပါတယ်...။ ညအိပ်စက်ချိန်မှာ လာဗန်ဒါ ရနံ့သင်းသင်းလေးကလည်း အိပ်စက်မှုကို အထောက်အကူပြုတဲ့အတွက် ခေါင်းအုံးမှာ လာဗန်ဒါ ရနံ့လေး ဖြန်းဆွတ်ထားလျှင် အလျင်အမြန် အိပ်ပျော်စေပါလိမ့်မည်....။ ရပ်ရွာ၊ တိုင်းပြည်၊ ကမ္ဘာအတွက် အရေးပါလှတဲ့ မိခင်များ၊ မိခင်လောင်းများဖြစ်တဲ့ အမျိုးသမီးများရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အိပ်စက် အနားယူခြင်း ရရှိရန် အထူးလိုအပ်လှပေသည်...။

Source ဝီကီပီးဒီးယား 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။