ဘီလူးစီးခြင်းဆိုသည်မှာ ကိုယ်တိုင်မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ်ထင်ပါတယ် ပရိသတ်ကြီးရေ....။ လူကနိုးနေရက်နှင့် ခြေတွေလက်တွေလှုပ်မရ၊ အော်မရဟစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ကိုဆိုလိုတာပါ...။ အင်္ဂလိပ်လို (Sleep Paralysis) လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ ခေါ်တဲ့အခြေအနေတစ်ရပ်ကို တစ်ခါလောက်ကြုံဖူးသွားတာနှင့် နောက်ထပ်ဘယ်တော့မှ မတွေ့ကြုံချင်တော့လောက်အောင်ပင် ဆိုးရွားတဲ့ ကိစ္စတစ်ရပ်ပဲဖြစ်ပါတယ်...။

စိတ်ပညာအရ "Sleep Paralysis" ကိုနှစ်မျိုးခွဲခြားနိုင်ပါတယ်..။ "Isolated Sleep Paralysis (ISP)"နှင့် "Recurrent Isolated Sleep Paralysis (RISP)" ဆိုပြီး ဖြစ်ပါတယ်...။ အလွယ်ပြောရရင် ISP ဆိုသည်မှာ လူတိုင်းဖြစ်နိုင်ပေမယ့် RISP ဆိုတာကတော့ အိပ်စက်ခြင်းနှင့် သက်ဆိုင်သော မူမမှန်သည့် ရောဂါတစ်မျိုးမျိုး ရှိနေသူတွေမှာသာ ပိုဖြစ်တတ်ပါတယ်...။ ISP က လူတစ်ယောက်တစ်သက်မှာ တစ်ခါလောက်ပဲ ကြုံတတ်တယ်ဆိုပေမယ့် RISP ကတော့ခဏခဏ ပြန်ဖြစ်နေတတ်ပါတယ်။ မြန်မာလိုပြောရလျင် ဘီလူးစီးတယ်လို့ ဆိုရမှာဖြစ်ပြီး၊ သာမန်လူမှာဆိုရင် တစ်သက်မှာတစ်ခါလောက်ပဲကြုံတွေ့နိုင်ပေမယ့် အိပ်စက်ခြင်းနှင့် သက်ဆိုင်သော ရောဂါရှိသူတွေမှာဆိုလျင် ခဏခဏဖြစ်နိုင်ပါတယ်..။ တစ်ညတည်းမှာပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိုင်ချေရှိပါတယ်နော်...။

ဘီလူးစီးတာ ဘာဖြစ်လို့ဖြစ်ရတာလဲဆိုတာကို ဖြေရှင်းဖို့ကတော့ အတော်လက်ဝင်တဲ့ ကိစ္စရပ်တစ်ခုလို့ဆိုရမှာပါပဲ....။ ဒါပေမယ့်လည်း ဘာကြောင့်လည်းဆိုတဲ့ အဖြေအတိအကျတော့မရှိဘဲ သီအိုရီသဘောတရားအရပဲရှိပါသေးတယ်....။ အဓိကကတော့ လေဝင်လေထွက်မကောင်းတာမျိုး၊ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် အရမ်းများနေတဲ့အခန်းထဲမှာအိပ်တာမျိုးဆိုရင် ပိုဖြစ်ဖို့လွယ်ကူပါတယ်...။ ဘီလူးစီးခြင်း "Sleep paralysis" က အသက်အန္တရာယ်ဖြစ်လောက်အောင် ဒုက္ခမပေးနိုင်ပေမယ့် ခံစားခဲ့ရတဲ့သူအတွက်တော့ တစ်သက်တာမမေ့နိုင်အောင် ကြောက်မက်ဖွယ်ကောင်းလွန်းပါတယ်...။ ဘီလူးစီးတာဟာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ချိန်မမှန်တဲ့သူတွေ၊ ပက်လက်အိပ်တတ်သူတွေ၊ ဖိအားများလွန်းတဲ့သူတွေ၊ အရမ်းကိုပင်ပန်းနွမ်းနယ်နေတဲ့သူတွေ၊ ဆေးသုံးတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ ဒီနေရာမှာတော့ ရှေးခေတ် လူကြီးတွေ ပက်လက်မအိပ်နဲ့လို့ ပြောခဲ့တာက အခုသိပ္ပံနည်းကျ ရှင်းတဲ့အခါမှာလည်း အင်မတန်မှန်နေတာကို သွားတွေ့ရမှာပါ..။ ပက်လက်အိပ်တဲ့အခါမှာ ခန္ဓာကိုယ်အနေအထားကြောင့် လျှာ ဒါမှမဟုတ် အာခေါင်ပျော့တို့ရဲ့ဖိအားကြောင့် အသက်ရှူလမ်းကြောင်းပိတ်ပြီး လေသိပ်မဝင်တော့တဲ့အခါ ဘီလူးစီးတာဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။ ပုံမှန်အိပ်တာ၊ လေဝင်လေထွက်ကောင်းအောင်လုပ်ရမှာဖြစ်ပြီး...၊ အိပ်ရာ ကုတင်သန့်သန့်ရှင်းရှင်းနဲ့ လူလည်း သန့်သန့်ရှင်းရှင်းအိပ်မယ်ဆိုရင် "Sleep Paralysis" ခေါ် ဘီလူးစီးခြင်းကိုကာကွယ်နိုင်မှာပါ....။

Source ဝီကီပီးဒီးယား 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။