နေ့စဉ်သွားလာလှုပ်ရှားမှုတွေပြုလုပ်တဲ့အခါမှာ...၊ အမြဲတမ်းလိုလို ကျနော်တို့မျက်နှာတွေရဲ့ ပုံပန်းအသွင်အပြင်ကို လစ်လျူရှုထားမိတတ်ကြပါတယ်...။ တစ်ကယ်တမ်းတော့ မျက်နှာအသွင် ပုံသဏ္ဍာန်ဟာဆိုရင် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု...၊ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလို့ဆိုရမှာပါ...။ မျက်နှာပုံစံမလှလို့...၊ စိတ်ညစ်နေတဲ့ သူတွေလည်းရှိကောင်းရှိနိုင်ပါတယ်...။ "လူ့အလို နတ်မလိုက်နိုင်" ဆိုတဲ့ စကားအတိုင်း ပါးဖောင်းတဲ့ သူတွေက ပါးချိုင့်ပြီး မေးရိုးချွန်ချွန်လေး ဖြစ်ချင်သလို..၊ မေးရိုးကားတဲ့သူတွေကလည်း မို့မောက် ပြည့်ဖောင်းတဲ့ ပါးလေးကို ပိုင်ဆိုင်ချင်ကြပါတယ်....။ အခုကစပြီး အဲ့ဒီကိစ္စနဲ့ ပတ်သက်၍ စိတ်မညစ်ရလေအောင် သဘာဝနည်းအတိုင်း မျက်နှာပုံစံ အနေအထား ပြုပြင်နည်းကိုတင်ဆက် ပေးလိုက်ပါတယ်...။

"အိန်ဂျယ်လီနာဂျိုလီ" လို ပါးရိုးချွန်တဲ့ ပုံစံလေးနဲ့ဆွဲဆောင်မှုရှိနေအောင် ထိုင်ပြီးဆုတောင်းနေမလား...၊ ဒါမှမဟုတ် ပုံမှန်မျက်နှာလေ့ကျင့်ခန်းကို နည်းစနစ်ကျကျနဲ့ လေ့ကျင့်မလားဆိုတာပါပဲ....။ "ဂျိုလီ"လိုမှ မဟုတ်ပါဖူး....၊ စာဖတ်ပရိသတ်တို့ ကြိုက်နှစ်သက်ရာ မျက်နှာအနေအထားပုံစံကို လေ့ကျင့်ယူလို့ ရအောင် ပုံရိပ်လေးတွေနဲ့တကွ လွယ်ကူစေတဲ့ အကျဉ်းချုပ်နည်းလမ်းဖြင့်ဖော်ပြပေးလိုက်ပါတယ်....။

"The Duck Face" ဘဲနှုတ်ခမ်းလေးလို ထော်ထော်လေးနဲ့ ဆွဲဆောင်မှု တစ်မျိုးရှိနေမှာပါ....။ "The Half Cringe" ဒါကတော့ ပါးတစ်ဖက်စောင်းနေတဲ့ ပုံစံမျိုးပါ...၊ လူကြီးမင်းတို့အတွက် သိပ်တော့ အဆင်မပြေလှပေမယ့် "ရုပ်ဖျက်တဲ့ နေရာမျိုးမှတော့" အသုံးဝင်မှာပါ...။ "The Fish Face" ငါးပါးစပ်လေးလို ချစ်ဖို့ကောင်းနေမှာပါ...။ "Cheekbone Sculptor" ဆိုတာကတော့ ပါးရိုးလေးကို လက်နှစ်ဖက်နဲ့အပေါ် မြှင့်တင်တဲ့ ပုံစံလေးပါ....။ "Closed Eyes" လေးက မျက်စိကိုစုံမှိတ်ပြီး အရေခွံ အတွန့်တွန့် လေးတွေပေါ် အောင်ပြုလုပ်တဲ့နည်းပါ...။ "Chin Ups" ၊ "Side Kisses"၊ ပါးချိုင့်ပေါ်အောင် ဘေးတစ်စောင်းနမ်းတဲ့ ပုံစံလေးနဲ့ လေ့ကျင့်လို့ရသလို၊ "Jaw Dropper" ဆိုတဲ့ အပေါ်အောက် ဆုံးအောင် ဟထားပြီး "V shape" လေးလို လှပတဲ့ ပုံစံလေးကိုလည်းလုပ်ယူနိုင်ပါသေးတယ်....။ ပရိသတ်ကြီးကြိုက်နှစ်သက်တဲ့ မျက်နှာထားပုံစံလေးကို အခုကစပြီး လေ့ကျင့် ရယူလိုက်ရအောင်နော်...။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။