ကျွန်တော်တို့ဘဝတွေကို ပိုမိုလွယ်ကူပြီး သက်သောင့်သက်သာဖြစ်စေမယ့် ရိုးရှင်းတဲ့တီထွင်မှုတွေအကြောင်း တင်ဆက်ပေးပါရစေ....။ အချို့ သောအရာတွေက အံ့သြ လောက်အောင်ရိုးရှင်းပေမယ့်လည်း တီထွင်တဲ့ပေါ်မှာလည်းမူတည်သေးပါတယ်...။ လူကြီးမင်းတို့ရဲ့ ဘဝကြီးကို အချိန်ကုန်၊ လူသက်သာပြီး ရောဂါ အန္တာရာယ်မှလည်း ကင်းဝေးရအောင် နေထိုင်ပြုလုပ်နည်းတွေပါတယ်နော်...။ ရိုးရှင်းတဲ့နည်းလေးတွေမလို့ ပရိသတ်ကြီးတို့အနေနဲ့ လွယ်ကူစေမှာဖြစ်ပြီး ပုံလေးတွေနဲ့တကွ ဖန်တီးမှုလေးတွေကိုပြသထားပါသေးတယ်.....။

ပထမဦးဆုံးြပောရမယ်ဆိုရင်တော့ အိပ်ရေးထနောက်ကြပြီး ရုံးသွား၊ ရုံးလာ အဆင်မပြေတဲ့ သူတွေအတွက် လွယ်ကူရိုးရှင်းတဲ့ တီထွင်ကြံဆမှုလေးလည်းဖြစ်ပါတယ်...။ အိပ်ရာထပြီးပြီးချင်း ကော်ဖီပါ တစ်ခါတည်းဖျော်ပြီးသွားဖြစ်နေရင် ဘယ်လောက်တောင်အဆင်ပြေမလိုက်လည်းနော်...။ ပုံမှာမြင်ရတဲ့အတိုင်း နှိုးစက်နဲ့အတူပြုလုပ်ထားတဲ့ Coffee maker လေးပဲဖြစ်ပါတယ်နော်...။ ဒါ့အပြင် မိုးရာသီမှာ ထီလေးကိုင်ရင်းကော်ဖီ ပူပူလေးကို သောက်ရဖို့အတွက် ထီးမှာ ကော်ဖီချိတ်လို့ရတဲ့ တီထွင်မှုလေးကိုလည်း အံ့သားသင့်ဖွယ်မြင်တွေ့ရမှာပါနော်...။ ပရိသတ်ကြီးတို့အတွက် တစ်ကယ်အဆင်ပြေစေမှာပါ....။

ဒါ့အပြင် မျက်မှန်သမားတွေ အဆင်ပြေစွာ အိပ်ဖို့အတွက် ဆန်းသစ်တဲ့ ခေါင်းအုံးပြုလုပ်ပုံလေးကိုလည်း မြင်တွေ့ကြရမှာပါ...။ ကြက်သွန်နီလှီးတာပဲဖြစ်ဖြစ်၊ သခွားသီးလှီးတဲ့ အခါမှာ ပရိသတ်ကြီးတို့ရဲ့ နူးညံ့တဲ့ လက်ကလေးကို မထိမရှဘဲ စိတ်ချလွယ်ကူစွာ လှီးဖြတ်နိုင်ရန် လက်သည်းအထိပ်လေးတွေမှာ သံအကာအကွယ်လေးကို တပ်ထားချင်းဖြင့်လည်း အိမ်ရှင်မတွေ အတွက် အသုံးဝင်တဲ့ တီထွင်မှုလေးပဲဖြစ်ပါတယ်နော်...။ ကမ္ဘာတစ်ဝှမ်းက သာယာပြီးပြည့်စုံတဲ့ ဘဝနေထိုင်မှုလည်းဖြစ်အောင် ငွေကုန်ကြေးကျစွာ တီထွင်အသုံးပြုနိုင်မယ့် ပစ္စည်းအမျိုးပေါင်း (၁၅)ခု ကျော်လောက်ကို အကျဉ်းချုပ်၍ ပုံရိပ်လေးတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်...။ ထိုအထဲမှာ ပီဇာကို ညီမျှအောင် ပိုင်းဖြတ်တဲ့ ပစ္စည်း..၊ အထုပ်အပိုးစတာတွေကို လက်မနာဘဲ လွယ်ကူစွာသယ်ဆောင်နိုင်မယ့် ပစ္စည်း..၊ ကလေးငယ်တွေကို ခေါင်းလောင်းချိုးပေးရမှာ ရေမမွန်းအောင်၊ နားထဲရေမဝင်အောင် တပ်ပေးတဲ့ ပစ္စည်းလေးအပြင်၊ မီးပျက်နေတဲ့အခါမှာ စာကြည့်၊ စာဖတ်လို့ရအောင် လည်ပင်းမှာ စတိုင်ကျကျ တင်ထားလို့ရတဲ့ private light ပစ္စည်းလေးတို့လည်း တီတွင်အသုံးပြုနိုင်ပါသေးကြောင်း တင်ဆက်ပေးလိုက်ပါတယ်...။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။