computer ရှေ့မှာ နေ့စဉ်ထိုင်နေရတဲ့သူတွေအတွက် သွားလာလှုပ်ရှားမှှု၊ လေ့ကျင့်ခန်းလုပ်ဖို့အချိန်တွေ လျော့နည်းလာပြီး အဆီပို၊ ဝတာတွေ ဖြစ်လာနိုင်ပါတယ်...။ အထူးသဖြင့် မိန်းကလေးတွေအနေနဲ့ အဆီကျဗိုက်ချပ်ပြီး ကော်ပတ်ရုပ်လေးလို အမြဲလှချင်နေသူတွေပါနော်...။ အချို၊ အစိမ့်ကြိုက်တဲ့သူတွေနဲ့လည်း ဝဖို့ အလားအလာ များလှပါတယ်...။ 21 ရာစုခေတ်ကြီးဖြစ်တာမလို့ အင်တာနက်၊ ကွန်ပျူတာ ရှေ့မှာ ထိတွေ့ဆက်ဆံပြီး အက်မွေးဝမ်းကြောင်းမှုတွေ လုပ်ရတာမလို့ လှုပ်ရှားမှုနည်းပြီး အဝလွန်တာနဲ့ပတ်သက်၍ ရောဂါတွေလည်းအဖြစ်များလာကြတာကိုတွေ့ရမှာပါ..။

အဆီကျဆေးတွေဟာလည်း ကောင်းမွန်ပေမယ့် side effect အနည်းနဲ့များရှိနိုင်တာမလို့ စိတ်မချဘဲ မသောက်ရဲတဲ့သူတွေရှိကြပါတယ်...။ အခုတင်ဆက်ပေးမယ့် ထိုင်ခုံနဲ့ လေ့ကျင့်ခန်းလုပ်တဲ့နည်းလေးတွေက ပရိသတ်ကြီးအတွက် တစ်ကယ့်ကို ထိရောက်စေမှာ အမှန်ပါပဲနော်...။ ပုံလေးတွေနဲ့အတူ ဗီဒီယိုဖိုင်လေးတွေကိုလည်းပြသထားတာမလို့ လွယ်ကူစွာ လုပ်ဆောင်နိုင်မှာပါ....။ ရုံးသွား၊ ရုံးလာ အထိုင်များပြီး GYM သွားဖို့ အချိန်မပေးနိုင်တဲ့သူတွေအတွက် အဓိကရည်ရွယ်ပြီး ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်...။

ထိုင်ခုံနဲ့ ဘယ်လီရိုက်တဲ့ နည်းလမ်းကို စနစ်တကျနဲ့ လုပ်ဆောင်လျှင် ပရိသတ်တို့ကို တစ်ကယ်အကျိုးရှိစေမှာပါ....။ ဗိုက်ထွက်နေပြီး ကြည့်မကောင်းလို့ အားမငယ်နေပါနဲ့တော့နော်...။ Myanmarload ပရိသတ်ကြီးအတွက် ထိုင်ခုံနဲ့ လေ့ကျင့်ခန်းလုပ်နည်းများကို ကျန်းမားရေး ဗဟုသုတရဖွယ် ဖော်ပြတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်...။ လူကြီးမင်းတို့အနေနဲ့ နေ့စဉ် နည်းစနစ်မှန်မှန်ဖြင့် အချိန်မှန်စွာ လေ့ကျင့်ရမှာဖြစ်ပြီး သင့်ပတ်ဝန်းကျင်၊ သင့်သူငယ်ချင်းတို့အတွက်လည်း ပြေပြစ်သွယ်လျတဲ့ ခန္ဓာကိုယ်လေးပိုင်ဆိုင်အောင် share ပေးသွားပါဦးနော်....။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။