ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ အရက်နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်...။ အရက်ဟာ လူသားတွေကို ဆိုးကျိုးဖြစ်နိုင်စေတာမှန်ပေမယ့် တစ်ခါတစ်ရံမှာ ဆေးဝါးအနေနဲ့ အထောက်အကူပြုတဲ့ ကိစ္စရပ်တွေ အများကြီးရှိတယ်ဆိုတာသိမှာပါ...။ "တန်ဆေး လွန်ဘေး" ဆိုတဲ့ ဆိုရိုးစကားထဲမှာ အရက်ဟာလည်း တစ်ထောင့်တစ်နေရာမှာ အကျုံးဝင်နေပါတယ်...။ လတ်တလော ဆေးပညာတွေ့ရှိချက်များအရ အရက်သောက်သုံးခြင်းဟာ အသက်အရွယ်ပေါ်မူတည်ပြီး ဆိုးကျိုးအန္တာရာယ်တွေဖြစ်စေနိုင်မှု ကွားခြားချက်ရှိနေခြင်းပင်ဖြစ်ပါတယ်...။ ထူးဆန်းတဲ့ အချက်ကတော့ အသက်အရွယ်ကြီးရင့်လေ ဆိုးကျိုးအန္တာရာယ်တွေ ဖြစ်စေနိုင်မှု နည်းပါးလေလို့ လေ့လာသုံးသပ်ချက်များအရ သိရှိရပါတယ်...။

အဆိုပါသတင်းမှာထည့်သွင်းထားတာကတော့ အသက် (၅၀) ကျော်လူကြီးများက အရက်သောက်သုံးခြင်းဖြင့် ကျန်းမာရေး ထိခိုက်မှုနည်းပါတယ်ဆိုတာပါပဲ....။ အကယ်၍ အရက်မှာ ကာကွယ်ပေးနိုင်မှုစွမ်းအားရှိခဲ့မယ်ဆိုလျှင်၊ ထိုအရာဟာ လူသားတွေရဲ့ အသက်ရွယ်အားလုံးပေါ်လိုက်ပြီး အညီအမျှ ခွဲဝေပေးနိုင်ခြင်းတော့မရှိပါဖူး...။ သေချာတာတစ်ခုကတော့ အရက်ကို အလွန်၊ အကျွံ့ သောက်သုံးလျှင် ပြင်းထန်တဲ့ ကျန်းမာရေး ဆိုးကျိုး နောက်ဆက်တွဲတွေကို ဖြစ်လာစေနိုင်ပါတယ်...။ ထိုကျန်းမာရေးနောက်ဆက်တွဲ ပြသနာများကတော့ ကင်ဆာ၊ အသည်းနှင့် နှလုံးရောဂါ၊ ဦးနှောက်အာရုံကြောစနစ်တွေပျက်စီးယိုယွင်းတာတွေပဲ ဖြစ်ပါတယ်...။

အခုလို သိရှိရသည့် ထူးဆန်းအံ့သြဖွယ် သတင်းအချက်အလက် ကိုတော့ ပရိသတ်တို့အနေနဲ့ လုံးဝမှန်ကန်တဲ့ ကိစ္စရပ်တစ်ခုလို့ မသတ်မှတ်စေချင်သေးပါဖူးနော်...။ ဘာကြောင့်လည်းဆိုတော့ အချို့ သောသုတေသနပညာရှင်တို့က လက်မခံသေးဘဲ ထိုကိစ္စရပ်နဲ့ ပတ်သက်၍ "ငြင်းခုံဆွေးနွေးပွဲ" တွေ ဆက်လက်ပြုလုပ်နေသေးလို့ဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးအတွက် ကျန်းမာရေး ဗဟုသုတ အနေနနဲ့သာ ပြန်လည်မျှ ဝေတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source Medical News Today 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။