အနေအထိုင်ကြောင့် ဖြစ်ဖြစ်၊ အစားအသောက်ကြောင့်ဖြစ်ဖြစ် မျက်နှာပေါ်မှာ အမဲစက်ကလေးတွေ ရှိတတ်ကြပါတယ်။ လူလတ်ပိုင်းအရွယ်မှာ အများဆုံးဖြစ်လေ့ ရှိပြီး ယောင်္ကျားလေးရော မိန်းကလေးရော ဖြစ်တတ်ကြပါတယ်။ ဒီလို ဖြစ်တဲ့အခါ အဓိက ကတော့ နေရောင်ကို မျက်နှာ အသားအရေနဲ့ တိုက်ရိုက် မထိတွေ့ဖို့ အရမ်း အရေးကြီးပါတယ်။ ဒါ့အပြင် ငွေကြေးအကုန်အကျသက်သာပြီး လွယ်လွယ်ကူကူ ရရှိနိုင်သော ပါဝင်ပစ္စည်းများနဲ့ အမဲစက်တွေကို အချိန်တိုအတွင်း ပျောက်ကင်းသက်သာစေဖို့ အိမ်တွင်းကုထုံး နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

နည်းလမ်း (၁) အာလူးနှင့် သံပရာသီး

အာလူး (အနေတော် အရွယ်) တစ်လုံး နှင့် သံပရာရည် အနည်းငယ် (သံပရာသီး တစ်ခြမ်းကို အရည်ညှစ်ထားပါ) သာ လိုအပ်ပါတယ်။ အာလူးကို အခွံခွာ၍ blender ထဲသို့ ထည့်ကြိတ်ပါ။ ထို့နောက် သံပရာရည်နှင့် ရောမွှေပြီး ရရှိလာသော အနှစ်ကို မျက်နှာသို့ လိမ်းကြံပါ။ မိနစ် ၂၀ ခန့်ထားပြီးနောက် ရေအေးအေးနှင့် မျက်နှာသစ်ပါ။

နည်းလမ်း (၂) အာလူးနှင့် ကြက်သွန်နီ

အာလူး တစ်လုံးနှင့် ကြက်သွန်နီ တစ်ခြမ်းကို အခွံခွာထားပါ။ ထို့နောက် ညက်နေအောင် အနှစ်ရအောင် ကြိတ်၍ မျက်နှာပေါ်သို့ ထိုအနှစ်အား လိမ်းပေးပါ။ ၁၅ မိနစ်ခန့် ထားပြီး ရေအေးနှင့် မျက်နှာသစ်ပေးပါ။

နည်းလမ်း (၃) အာလူးနှင့် သခွားသီး

အာလူးနှင့် သခွားသီး တစ်ခြမ်း ကို အခွံခွာထားပြီး အနှစ်ရအောင် ကြိတ်ပါ။ ထို့နောက် ရရှိလာသော အနှစ်ကို မျက်နှာပေါ်သို့ စက်ဝိုင်းပုံစံ ဝိုင်းပြီး လိမ်းပေးပါ။ ၂၅ မိနစ်ခန့်ထားပြီး မျက်နှာသစ်ပေးပါ။

နည်းလမ်း (၄) အာလူးနှင့် မုန်လာဥနီ

အာလူးတစ်လုံးနှင့် မုန်လာဥနီ တစ်ခြမ်းကို အခွံခွာထားပြီး အနှစ်ရအောင် ကြိတ်ချေပါ။ ရရှိလာသော အနှစ်ကို မျက်နှာပေါ်သို့ လိမ်းပြီး မိနစ် ၂၀ ခန့်ထားပါ။ ထို့နောက် ရေအေးနှင့် မျက်နှာသစ်ထားပါ။

ဖော်ပြပါ နည်းလမ်းများအားလုံးကို တစ်ပတ်တစ်ကြိမ်ခန့် ပြုလုပ်နိုင်ပြီး မျက်နှာပေါ်ရှိ အမဲစက်များကို အလွယ်တကူ ပျောက်ကင်းသက်သာစေနိုင်မှာပဲ ဖြစ်ပါတယ်။ အားလုံးပဲ လှပချောမွေ့သော အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Natural Life Hacks (YouTube)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။