နေရောင်ခြည်က ဗီတာမင်ဒီကို ပေးစွမ်းနိုင်သော်လည်း အချိန်ကြာမြင့်စွာနှင့် အပူချိန် များလွန်းလျှင် နေလောင်တတ်ပါတယ်။ နေလောင်နိုင်မှု အများဆုံးဖြစ်သော အချိန်မှာ နံနက် ၁၀နာရီမှ ညနေ ၄နာရီကြား ဖြစ်ပြီး မနက်ပိုင်းအချိန်က ယူဗီပါဝင်မှုနှုန်း အနည်းဆုံးဖြစ်ပြီး ဗီတာမင်ဒီဓာတ်ရရှိရန် အကောင်းဆုံး ဖြစ်ပါတယ်။ ယူဗီရောင်ခြည်က အသားအရည် ထိခိုက်တဲ့အပြင် မျက်စိ ကျန်းမာရေး၊ ကိုယ်ခံအားနှင့် အရေပြားကင်ဆာရောဂါကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ယူဗီရောင်ခြည်မှ ကာကွယ်ရန် အရေးကြီးပါတယ်။

ဗီတာမင်ဒီက အရိုးများကို သန်မာစေခြင်း၊ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း၊ အသားအရေနုပျိုကာ ကျန်းမာစေခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိစေသော်လည်း ယူဗီရောင်ခြည်မှာ ဆိုးကျိုးများစွာ ဖြစ်စေပါတယ်။

နေလောင်ခြင်း ဖြစ်တဲ့အခါ အရေပြားတင်းရင်းမှုကို လျော့ကျစေပါတယ်။ အရွယ်မတိုင်ခင် အိုမင်း ရင့်ရော်စေခြင်း၊ အရေပြားရှိဆဲလ်များကို ထိခိုက်ပျက်စီးစေခြင်းများကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် နေလောင်ဒဏ်ကို ကာကွယ်ရန်နှင့် အရေပြားကို တိုက်ရိုက်မထိတွေ့စေရန် ကာကွယ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

နေရောင်ခြည်ဒဏ် ကို ကာကွယ်ရန် နည်းလမ်းများ အနေဖြင့် -

- အသားအရည်ကာကွယ်ရန် လုံခြုံသောအဝတ်အစားများ ဝတ်ဆင်ခြင်း

- အကာအကွယ် ထီး၊ ဦးထုပ်များ ဆောင်ထားခြင်း

- နေရောင်ခြည်ကာလိမ်းဆေးများ နှင့်

- နေရောင်ခြည်ထဲထွက်သည့်အချိန်ကို လျော့ချခြင်း

- နံနက် ၁၀နာရီ မှ နေ့လည် ၃နာရီကြားနေရောင်ထဲထွက်ခြင်းကိုရှောင်ကြဉ်ခြင်း

တို့ဖြစ်ပါတယ်။

ဖော်ပြပါ အကြောင်းအရာများ သိရှိပြီး ကျန်းမာရေးအတွက် ဗဟုသုတ ရရှိစေဖို့ မျှော်လင့်ပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။