15. ပဋိဇီဝဆေးတွေနဲ့ မတည့်ဘူးဆိုတာ မှန်သလား။

တီဘီ အတွက်ပေးတဲ့ Rifampin ဆေး တမျိုးထဲကနေသာ ဆေးအာနိသင်နည်းစေတတ်တယ်။ တခြား ပဋိဇီဝဆေးတွေနဲ့ တွဲသောက်လို့ ထူးခြားတာ မရှိပါ။

16. တခြားဘယ်ဆေးတွေနဲ့ တွဲသောက်တာ ထိရောက်မှု နည်းစေနိုင်သလဲ။

HIV protease inhibitors ဆေးအချို့၊ အတက်သက်သာဆေးအချို့၊ Griseofulvin ပွေးပျောက်ဆေး၊

17. ဘယ်ဆေးတွေနဲ့တွဲသောက်ရင် ဆေးအာနိသင်ကို လျှော့နည်းစေသလဲ။

အနာ-အကိုက်သက်သာဆေး Acetaminophen (Tylenol, Parcetamol)၊ သွေးကျဆေး၊ Cyclopenthiazide (Prothiazide)

18. ဘယ်ဆေးတွေနဲ့တွဲသောက်ရင် ဆေးအာနိသင်ကို ပိုများစေနိုင်သလဲ။

စိတ်ကျရောဂါအတွက်ဆေး၊ Imipramine ပန်းနာဆေး၊ Theophyline စိတ်ငြိမ်ဆေး၊ Benzodiazepam (Valium, Ativan, Librium, Serax, Tranxene, Xanax)

19. Birth control patch ကိုယ်ဝန်တား ကပ်ခွါဆေးက အန္တရာယ်ကြီးတယ်ဆိုတာ ဟုတ်ပါသလား။

မဟုတ်ပါ။ အမေရိကန်အမျိုးသမီးတွေ သန်းနဲ့ချီပြီး Ortho Evra လို ကိုယ်ဝန်တား ကပ်ခွါဆေး သုံးနေကြတယ်။ ၂ဝဝ၂ ကတည်းကစခဲ့ပြီး အတိအကျသုံးတတ်ရင် ၉၉့ရ% ထိရောက်တယ်။

20. Low-dose birth control pills ဟော်မုန်း လျှော့ထည့်တဲ့ဆေးမျိုးက ထိရောက်ပါသလား။

စိတ်ချရပါတယ်။ ထိရောက်ပါတယ်။ ဘေးထွက်ဆိုးကျိုး သက်သာစေအာင် တီထွင်ထားတာဖြစ်တယ်။ 

21. ကိုယ်ဝန်တား ကပ်ခွါးဆေးက လူကောင်ကြီး-ငယ်သူတွေကို ဘယ်လိုထူးခြားစေသလဲ။

လူအရွယ်အစား မရွေး အတူတူ အသုံးကျ ထိရောက်ပါတယ်။ ပေါင် ၁၉၈ ပေါင်ထက် များသူတွေမှာ ထိရောက်မှု နည်းတာ တွေ့လာရတယ်။ Low-dose oral contraceptives ဆေးအဆလျှော့ထားတဲ့ စားဆေးလဲ ဒီသဘောအတိုင်း ဖြစ်တယ်။ အဲလို လူကောင် သိပ်ကြီးမားသူတွေအတွက် IUCD နည်း သုံးသင့်တယ်။

22. Norplant အသစ်ပေါ်နေပြီဆို။

Six rods Norplant system (Implanon) ကိုယ်ဝန်တား ဆေးချောင်း အရေပြားအောက်မှာထည့်နည်း ပေါ်တာ ကြာပါပြီ။ ၆ ချောင်းထည့်တယ်။ အခု Single-rod implant တချောင်းထဲနည်းပေါ်လာပြန်ပါပြီ။ ၉၉% ထိရောက်တယ်။ ၃ နှစ်အထိထားလို့ရတယ်။

23. လိင်စိတ်နည်းစေတယ်ဆိုတာ ဟုတ်ပါသလား။

ဆေးမှန်သမျှ ဘေးထွက်ဆိုးကျိုးရှိတာချည်းပါဘဲ။ ကိုယ်ဝန်တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာနေကြတာ အနှစ် ၄ဝ ကျော်ရှိသွားပါပြီ။ လိင်စိတ်အပေါ် သက်ရောက်မှုကိုလဲ လေ့လာပါတယ်။ လတ်တလော ဆန်းစစ်မှုအရ စားဆေး၊ ကပ်ခွါဆေး၊ ဆေးကွင်း၊ ထိုးဆေးတွေ အားလုံးကနေ အများစုသော အမျိုးသမီးတွေမှာ လိင်စိတ် မနည်းတာ တွေ့ရပါတယ်။ ကျန်အမျိုးသမီး ကြီးငယ်တွေမှာ တချို့ လိင်စိတ် နည်းကြတယ်။ တချို့မှာ များကြတယ်။ ဘာလို့ ဖြစ်ကြရတယ်ဆိုတာ မရှင်းပါ။  

24. ရာသီ တောက်လျှောက် မဆင်းအောင် တားဆေးနဲ့ လုပ်လို့ရသလား။

မှန်မှန်သောက်တဲ့သူဆိုရင် ရတယ်။ Depo-Provera, IUCD, Vaginal ring တွေကလဲ ရာသီနည်းစေတယ်။ အမေရိကန်သူတွေ ၄၄% ရာသီမဆင်းအောင်နေကြတယ်။ (ဟန်းနီးမွန်း) ထွက်တာ၊ အာကစားပြိုင်ပွဲဝင်တာ၊ အလုပ်မရှုတ်ချင်လို့၊ ရာသီမလာခင် ဖြစ်တတ်တာတွေ မဖြစ်အောင်လို့၊ စတဲ့ ဆန္ဒတွေကြောင့် တမင်လုပ်ကြတယ်။

25. Latex condoms အများသုံး (လေးတက်စ်) နဲ့ လုပ်ထားတဲ့ (ကွန်ဒွမ်) နဲ့ မတည့်ရင် ဘယ်ဟာသုံးမလဲ။ ၂ နည်းရှိတယ်။ (၁) Female condoms အမျိုးသမီးသုံး (ကွန်ဒွမ်) က Polyurethane နဲ့လုပ်ထားတယ်။ အသေအခြာ သုံးတတ်ရင် ၉၅% ကာကွယ်နိုင်တယ်။ FC Female Condom ခေါ်တယ်။ (၂) Polyurethane male condoms ယောက်ျား (ကွန်ဒွမ်) ကို သုံးနိုင်တယ်။ Avanti နဲ့ Trojan Supra ခေါ်တယ်။

Source: Dr. တင့်ဆွေ

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။