သင်္ကြန်ကာလမှာ လိင်မုဆိုးတို့ရဲ့ဆေးခပ်မခံရအောင်မြန်မာအမျိုးသမီးတိုင်းဖတ်သင့်ပါတယ်။

မြန်မာမိန်းကလေးများ အဓမ္မကျင့်ခံရပြီး လူလုံးမလှ ယူကြုံးမရ မဖြစ်ရအောင်…(၂)

• ကိုယ့်ကိုခြိမ်းခြောက်မှုရှိလာရင် ငြိမ်မနေပါနဲ့။ တခြားလူတွေကိုသိစေအောင် ဆူညံမှုတခုလုပ်ပါ။ နံရံကို ခြေနဲ့ကန်တာ၊ တခုခုအသံဆူအောင် လွှတ်ချတာ၊ အော်ဟင်တာ စသည်။ အဲလိုအခြေအနေမျိုးများ သိပ်သဘောကောင်းသူ၊ သီးခံတတ်သူလို့ ကိုယ့်ကိုအထင်မခံချင်ပါနဲ့ လူကြမ်း၊ စိတ်ကြမ်းသူလို တမင်တကာပြုမူပါ။ ကိုယ့်ကို အထင်သေးသွားပါစေ။ အနားကလူတိုင်းဟာ ကိုယ့်အိမ်ထောင်ဘက် ဖြစ်လာမှာ မဟုတ်ပါ။

• ကိုယ်ဝတ်ဆင်တဲ့အဝတ်အစား၊ ကိုယ်နဲ့တွဲသွားသူ၊ ကိုယ်ကျင်လည်ရာနေရာတွေဟာ ရန်သူကို ဖိတ်ခေါ်နေတာမျိုး ဖြစ်နိုင်တယ်။

• ကိုယ်ဘယ်ကိုသွားမလည်းဆိုတာ အနည်းဆုံးတယောက်ယောက်ကို အသိပေးထားခဲ့ပါ။ နေရာပြောင်းတိုင်းလဲ အကြောင်းကြားပါ။ မိန်းကလေးဖေါ်ပါရင် သူဘယ်မှာ၊ ကိုယ်ဘယ်မှာဆို အဆက်အသွယ် အမြဲမပြတ်ရှိနေပါ။

• နေရတာ စိတ်လုံခြုံမှုနည်းတယ်ထင်တဲ့နေရာမှာ ဆက်မနေပါနဲ့။ စိတ်ချရတဲ့နည်းနဲ့ စိတ်ချရတဲ့နေရာကို ပြောင်းပါ။

• သတိလစ်အောင် လုပ်နိုင်တဲ့ဆေးဝါးများဆိုတာ ခံလိုက်ရပြီးရင် ဘယ်နေရာမှာ ဘာဖြစ်ခဲ့တယ်လို့ ပြန်မပြောနိုင်တဲ့ မေ့ဆေးအစွမ်းရှိတယ်။ ညစ်ညမ်းဆေးဝါးတွေဟာ နည်းနည်းထည့်တာသောက်မိတာနဲ့ လိင်ပိုင်းမှာ ကိုယ့်ကိုယ်ကို မထိန်းနိုင်တဲ့ဘဝရောက်သွားတယ်။ ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီတွေကလဲ အတူတူဘဲ။ 

• ပြုကျင့်မဲ့သူအများစုက သင့့်အရိပ်အကဲကို အရင်ကတည်းက ခတ်ထားပြီးဖြစ်နိုင်တယ်။ နောက်ယောင်ခံနေတာ ရှိနိုင်တယ်။

• သူများ အကျဉ်းအကြပ်နဲ့ ဒုက္ခရောက်နေရင်လဲ ကိုယ်တိုင်ဖြစ်ဖြစ် အကြောင်းကြားပေးတာ၊ အကူအညီ ခေါ်ပေးတာမျိုးနဲ့ ကူညီပါ။

• မသင်ကာတာနဲ့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်ကို ကိုယ့်ဖုန်းမှာ အလွယ်နှိပ်နိုင်အောင် အဆင်သင့်လုပ်ထားပါ။ ရောက်နေတဲ့အရပ်က ရဲစခန်းစတာမျိုးကို သိထားပါ။

• တခုခုသောက်ပြီး မူးဝေလာသလို၊ အိပ်ချင်လာသလို၊ စိတ်မူပြောင်းလာသလို တခုခုထူးတာနဲ့ ဆေးအကူအညီ တောင်းဘို့ ချက်ချင်းလုပ်ပါ။ မသိသူတွေကနေ ကူမယ်ပြောတိုင်းလဲ မယုံပါနဲ့။ ရဲကိုအကူအညီယူပါ။ ကြက်ခြေနီ အကူအညီယူပါ။

• ကိုယ့်ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ ဖေ့စ်ဘွတ် အိုင်ဒီ သူများကို မပေးပါနဲ့။ ကိုယ်တယောက်ထဲရှိနေတုံးမှာ အနားကပ်လာသူတိုင်းကို မယုံပါနဲ့။

• ကိုယ်မြင်တာ သိတာကို ရဲကနေမေးရင် ထုတ်ဖေါ်ပြောဘို့ ဝန်မလေးပါနဲ့။ ဥပဒေအကာအကွယ်ရှိတာကိုလဲ အသုံးချပါ။

• ကိုယ်နဲ့မသိသူတွေကသာမကပါ သိတဲ့လူကနေ ကြံစည်တာလည်းရှိတယ်။

Source: ဒေါက်တာတင့်ဆွေ

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။