သင်္ကြန်ကာလမှာ လိင်မုဆိုးတို့ရဲ့ဆေးခပ်မခံရအောင်မြန်မာအမျိုးသမီးတိုင်းဖတ်သင့်ပါတယ်။

မြန်မာမိန်းကလေးများ အဓမ္မကျင့်ခံရပြီး လူလုံးမလှ ယူကြုံးမရ မဖြစ်ရအောင်…(၁)

ပျော်စရာကိုသာရှာတဲ့ မိန်းကလေးတွေ ဒုက္ခပင်လယ်ဝေရတဲ့ ဇာတ်လမ်းတွေကို လူသူမသိပေမယ့် တကယ်ရှိပါတယ်။ ဝတ်စားဆင်ယင်တာ (အသားကို သူများမြင်အောင်ဝတ်တာ)၊ အပြောအဆို (စကားကို ပီအောင်မပြောတာ) တွေ ရှိလာသလို အကြံသမားတွအတွက်လဲ အကြံသစ်တွေ၊ လက်နက်သစ်တွေ တပ်ဆင်ထားကြပါတယ်။ အန္တရာယ်အသစ်ကို ကာကွယ်နည်းသစ်နဲ့ ကာကွယ်နိုင်ကြမှသာ လူဖြစ်မရှုံးသူ ဖြစ်နိုင်ပါလိမ့်မယ်။ 

• သောက်စရာထဲမှာ ဆေးရည်၊ အစက်ချဆေး၊ ဆေးမှုံတွေဟာ အနံ့၊ အရောင်၊ အရသာ မသိနိုင်တာများတယ်။ ကိုယ့်ရှေ့မှာ ဖေါက်ပေးတာကိုသာသောက်ပါ။ ဒါလဲ ကြိုတင်ပြီးဆေးထိုးအပ်နဲ့ မူးယစ်ဆေး၊ လိင်စိတ်ကြွဆေး ထည့်ထားတာမျိုးလည်း ရှိနိုင်တယ်။ ရောသောက်ရတာမှာ ရောတာတိုင်းကို သတိထားပါ။

• ကိုယ်ပိုင်သောက်ရည်နဲ့ အအေးဗူးကို ကိုယ်နှင့်မကွာထားပါ။ နားနေခန်းသွားလည်းယူသွားပါ။ သံဗူးကိုလည်း ကိုယ်တိုင်ဖွင့်သောက်ပါ။

• သောက်စရာတွေကို မျှဝေမသောက်ပါနဲ့။ သောက်စရာ ဘယ်ကလာသလည်း သိအောင်လုပ်ပါ။ ပုလင်း၊ ဗူး၊ ခွက်ကအစ ကိုယ့်ပါးစပ်ထဲရောက်တဲ့အတိ မျက်ခြေမပြတ်ပါစေနဲ့။ အများစုဝေး သောက်သုံးစရာထဲကဆို ပိုသတိကြီးပါ။

• မျက်စိအောက်က ခဏလေးပျောက်သွားတဲ့ ကိုယ့်ခွက်ကို ပြန်မသောက်တော့ပါနဲ့။ ခွက်ကို တခုခုနဲ့ ဖုံးပေးထားပါ။ တနေရာမှ ချထားပြီးသားကို ပြန်မသောက်ပါနဲ့။

• ဆိုင်ကနေမှာသောက်တာဆိုရင် စျေးရောင်းတဲ့သူတိုင်းကို မယုံပါနဲ့။ စျေးရောင်းသူနဲ့ ကိုယ့်အဖေါ်ဆက်ဆံရေးကို အကဲခတ်တတ်ပါ။ မျက်စပြစ်ပြတာ၊ လက်ကုပ်တာ စတာမျိုးလဲ အဓိပ္ပါယ်ဖွင့်တတ်ပါစေ။

• ကိုယ့်ကို လိင်ပ်ိုင်းဆိုင်ရာအပြုမူတမျိုးမျိုး အချိန်မရွေး လာလုပ်နိုင်တယ်ဆိုတာကို ခေါင်းထဲမှာထားပါ။ 

• ခေါင်းညိတ်တာကို မလွယ်ပါစေနဲ့။ ရင်းနှီးတဲ့သူငယ်ချင်း၊ သမီးရည်းစား၊ ယူဘို့ စိတ်ကူးထားသူ ဘယ်သူ့ကိုမဆို စည်းကမ်းသုံးတန်နဲ့ တားထားပါ။ စည်းကျော်လာတာနဲ့ တွန်းလှန်ဘို့ သတ္တိရှိပါ။

• အိမ်ပြန်ပို့ပေးမယ်ဆိုသူ၊ ဟိုနားသွားရအောင်ခေါ်သူ၊ စားရသောက်ရအောင် ဖိတ်သူတွေဟာ အကြံနဲ့ဆိုတာ အမြဲသံသယရှိထားပါ။

• အပြောကောင်းသူ၊ မြူဆွယ်သူတွေ လူကဲခတ်တတ်ပါစေ။ လိင်မှုကိစ္စသာမကပါ၊ ရာဇဝတ်မှုကျူးလွန်ဘို့ အဖေါ်စပ်ရာမှာလဲ မပါမိစေနဲ့။ ခိုးမှု၊ တိုက်မှုသာ မဟုတ်ပါ။

• ဆေးပြားရောင်းတာ၊ လက်ဆင့်ကမ်းပေးတာမှာလဲ ကြံရာပါမဖြစ်ပါစေနဲ့။

သင်္ကြန်ကာလမှာ လိင်မုဆိုးတို့ရဲ့ဆေးခပ်မခံရအောင်မြန်မာအမျိုးသမီးတိုင်းဖတ်သင့်ပါတယ်။

မြန်မာမိန်းကလေးများ အဓမ္မကျင့်ခံရပြီး လူလုံးမလှ ယူကြုံးမရ မဖြစ်ရအောင်…(၂) >>>>>>>>>>> http://www.myanmarload.com/news/4559

Source: ဒေါက်တာတင့်ဆွေ

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။