ကွမ်းယာဆိုတာ ကျန်းမာရေးအတွက် မကောင်းပေမယ့် ယနေ့အချိန်ထိ အရွယ်ရောက်ပြီးသား အမျိုးသားတွေရဲ့ အပျင်းပြေ ဝါးတဲ့ အရာတစ်ခုအဖြစ် ရေပန်းစားနေဆဲဖြစ်ပါတယ်။ ရှေးယခင်က ကွမ်းယာတွေက ဓာတုပစ္စည်းတွေ မပါဝင်တာကြောင့် အန္တရာယ်မဖြစ်စေနိုင်ပေမယ့် ယခုခေတ်မှာတော့ အိန္ဒိယနိုင်ငံကနေဝင်ရောက်လာတဲ့ ကွမ်းစားစေတွေ စားသုံးသူတွေအတွက် ဆိုးရွားတဲ့ ရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကွမ်းစားခြင်းကြောင့် ခံတွင်းကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သလို ရေစီးကမ်းပြိုဖြစ်ခြင်း ပါးစောင်နာ ဖြစ်ခြင်းတွေအပြင် နောက်ဆုံး ခံတွင်းကင်ဆာကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။ ထိုရောဂါတွေကို မဖြစ်ပွားအောင်ကုသနိုင်မယ့် တိုင်းရင်းဆေးနည်းတစ်လက်ကို ကွမ်းမဖြတ်နိုင်တဲ့ သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ကွမ်းစားခြင်းကြောင့် ဖြစ်ပေါ်စေနိုင်တဲ့ ရောဂါတွေကို ပျောက်ကင်းစေနိုင်တဲ့ ဆေးရွက်ကတော့ ဆင်နှာမောင်းပင် ဖြစ်ပါတယ်။ သူ့ရဲ့ အပွင့် ဆင်နှာမောင်းပုံစံရှိတာကြောင့် ဆင်နှာမောင်းပင် အဖြစ် လူတော်တော်များမာျးသိကြတဲ့ အပင်တစ်မျိုးဖြစ်တဲ့ အပြင် ကျန်းမာရေးအတွက်ဆေးစွမ်းထက်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ ထို ဆင်နှာမောင်းပင်က အပွင့်က ကွမ်းစားခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ ရေစီးကမ်းပြိုခြင်းနဲ့ ပါးစပ်နာတွေကို ပျောက်ကင်းအောင် ကုသနိုင်စွမ်းရှိတဲ့ အပွင့်တစ်မျိုးပါ။

ကုသနည်းကတော့ ဆင်နှာမောင်းပွင့်ကို ခူးပြီး နေပူထဲမှာ လှန်းရပါမယ်။ ပြီးရင်တော့ ဒယ်အိုးထဲမှာ နေပူလှန်းထားတဲ့ ဆင်နှာမောင်းရွက်တွေကို လှော်ပေးပါ။ ထိုနောက် ရလာတဲ့ အပွင့်တွေကို မှုန့်ညှက်အောင်ထောင်ပြီး အနာဖြစ်နေတဲ့ နေရာတွေကို သိပ်ပေးပါ။ ထိုနည်းကို တစ်နေ့ ၄ ၅ကြိမ်ပြုလုပ်ပေးမယ်ဆိုရင် ကွမ်းစားခြင်းကြောင့် ဖြစ်ပေါ်စေနိုင်တဲ့ အနာတွေကို လုံးဝအရှင်းသက်သာပျောက်ကင်းစေနိုင်တဲ့ အပြင် ကင်ဆာရောဂါတွေမဖြစ်ပွားနိုင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

Source: ဆေးမြီးတိုမှတ်စု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။