မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် ကောင်းသော အောင်မြင်ချင်းတွေကို သယ်ဆောင်လာပေးနိုင်တဲ့ အရွက်ဖြစ်ပြီး ဘုရားစင်တိုင်းမှာ တွေ့ရတတ်တဲ့ အောင်သပြေရွက်ကတော့ တကယ့်ကို အံ့မခန်းလောက်အောင် ကျန်းမာရေးအတွက် အစွမ်းထက်တာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တစ်ချို့ အိမ်တွေမှာဆိုရင် အောင်သပြေရွက်ကို ကိုယ်တိုင်ကိုယ်ကျ အိမ်မှာ စိုက်ကြပြီး ဘုရားကိုလှူဒါန်းကြတာကိုလည်း မြင်တွေ့ဖူးကြမှာပါ။ ဘုရားပန်းအဖြစ် သိကြပြီး အိမ်တိုင်းအတွက် အောင်မြင်ချင်းတွေကိုဆောင်ယူပေးနေတဲ့ အောင်သပြေရွက်က ကျန်းမာရေးအတွက်လည်း တကယ့်ကို အသုံးဝင်တဲ့ ဆေးဖက်ဝင်အရွက်ဖြစ်ပါတယ်။

ဆိုလိုသည်ကား လူတိုင်းမှာရှိတတ်တဲ့ သွေးတိုးရောဂါအကြောင်းပါ။ သွေးတိုးရောဂါက ဘယ်လို ဆေးမျိုးနဲ့ မှ အရှင်းပျောက်ကင်းအောင် မကုသနိုင်တာကို ဆရာဝန်ကြီးတွေကိုယ်တိုင် ဖော်ပြထားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးတိုးရောဂါရှိတဲ့ သူတွေအတွက်ကတော့ တက်စာ ဖြစ်တဲ့ ငါးသလောက် လိုမျိုး တစ်ခုခုကို စားမိရင်တော့ လုံးဝမထနိုင်လောက်အောင် သွေးတက်တော့တာပါပဲ။ တစ်မြေ့မြေ့နဲ့ ကြောက်ဖို့ကောင်းတဲ့ အဆိုပါသွေးတိုးရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်တဲ့ အရွက်ကတော့ အောင်သပြေရွက်ပါပဲ။

သွေးတိုးရောဂါရှိတဲ့ ဝေဒနာရှင်တွေအတွက်တကယ့်ကို လုံးဝအံ့မခန်းအစွမ်းတွေပေးမှာပါ။ သွေးတိုးပြီး ခေါင်းမူးလာတဲ့ အချိန် ခေါင်းတွေထူမရအောင်အုံလာတဲ့ အချိန်မှာ ဘုရားစင်ကိုပြေပြီး အောင်သပြေရွက် အနု လေးတွေ (၉)ရွက်လောက်ကို ယူလိုက်ပါ။ ပြီးရင်တော့ ရေဆေးပြီး ဝေဒနာရှင်ကို ဝါးစားခိုင်းလိုက်ပါ။ ခဏအတွင်းမှာပဲ သွေးပြန်ကျပြီး ခေါင်းမူး ခေါင်းကိုက်တာတွေကို ချက်ချင်းပျောက်ကင်းသွားစေနိုင်ပါတယ်။ မယုံရင်တော့ သွေးပေါင်ချိန်စက်နဲ့ တိုင်းကြည့်လို့ရပါသေးတယ်။ ယခုဆေးနည်းလေးကို ဗသုတအဖြစ်လည်း ပြန်လည် လိုအပ်နေတဲ့ ဝေဒနာရှင်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါ။

Source: ဆေးမြီးတို မှတ်စု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။