ယခုနောက်ပိုင်းမှာ တိရစ္ဆာန်တွေကနေတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေများစွာ ရှိလာတာကို တွေ့ရှိရပါတယ်။ အထူးသဖြင့် ကျွဲ နွား မြင်း ဝက် ကြက် စတဲ့ မွေးမြူရေး တိရစ္ဆာန်တွေမှာ ထူးဆန်းတဲ့ ဗိုင်းရိပ်စ် ရောဂါပိုး အသစ်တွေတွေ့ရှိလာရတာကြောင့် ကျန်းမာရေး ဌာနတွေက အထူး စစ်ဆေးကုသခြင်းတွေကို ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။ မကြာသေးခင်အရ မြန်မာနိုင်ငံရဲ့ စိုက်ပျိုး မွေးမြူရေးနဲ့ ဆည်းမြောင်းဝန်ကြီး ဌာနတို့က တရားဝင်ထုတ်ပြန်ကြေညာခဲ့တဲ့ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုကတော့ ယခုလတ်တလောမှာ လူတွေ အထူးဂရုပြု သတိထားစရာဖြစ်လာပါတယ်။

ထိုရောဂါကတော့ African swine fever (ASF) လို့ ခေါ်တဲ့ အာဖရိကဝက်အပြင်းဖျားရောဂါတစ်မျိုးလို့ ခေါ်ပါတယ်။ ထိုရောဂါကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကို ၁၉၅၇ ခုနှစ်ကတည်းက ဥရောပတိုက်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသို့ မဝင်ရောက်လာသေးတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံသို့ရောက်ရှိလာကြောင်း အတည်အလင်း ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပြီး ကြောက်စရာကောင်းတဲ့ ရောဂါတစ်မျိုးဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ ဗိုင်းရပ်စ်ပိုးကို ဝက်တွေမှာ ပထမဦးဆုံးတွေ့ရှိရပြီး ရောဂါစတင်ဝင်ရောက်ပြီးချိန် ရက်အနည်းငယ်ထိ ရောဂါလဏ္ခာ မပြတာကြောင့် ကြောက်စရာကောင်းတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

ဝက်တွေမှာ အဆိုပါ ဗိုင်းရပ်စ်ပိုး ဝင်ရောက်ပြီးနောက် အင်အားနည်းလာခြင်း၊ အသားအရောင်ပြောင်းလာခြင်း၊ နားရွက်နဲ့ ဝမ်းဗိုက်တွေမှာ အစက်အပြောက်ပုံစံ အနာတွေဖြစ်လာပြီး မကြာခင်မှာ သေဆုံးရပါတယ်။ ထို ရောဂါပိုးက လူတွေကိုလည်း ကူးစက်စေနိုင်တဲ့အပြင် ထိုရောဂါပိုးရှိတဲ့ ဝက်ရဲ့ အသားကို စားမိမယ်ဆိုရင် လူတွေမှာလည်း ကြောက်စရာကောင်းတဲ့ အစက်အပြောက်တွေအနာတွေနဲ့ ရောဂါဆိုးတွေကို ခံစားရစေနိုင်တာကြောင့် ပြည်သူတွေရှောင်ကျဉ်နိုင်ဖို့ အတွက် ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း အဆိုပါ ရောဂါပိုးကို နှိမ်နှင်းလျက်ရှိပြီး ဝက်သား စားမယ်ဆိုရင် သေချာ ရွေးချယ် ဝယ်ယူပြီး စားသုံးကြဖို့ သတိပေးနှိုးဆော်လိုက်ရပါတယ်။

Source: Ministry of Information

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။