ထောင့်သန်းရောဂါ ဟာ တိရစ္ဆာန် တွေကနေတဆင့် အလွယ်တကူ ကူးစက်လွယ်တဲ့ ကြောက်မယ်ဖွယ်ရောဂါဆိုးကြီး တစ်မျိုးဖြစ်ပါတယ်။ ထောင့်သန်းရောဂါက ဘက်ဆီလ်လက်စ် အန်သရာရ်ဇစ် လို့ခေါ်တဲ့ ရောဂါပိုးတစ်မျိုးကနေ ဖြစ်ပွားလာတဲ့ ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ယနေ့အချိန်ထိ အမေရိကန်ပြည်ထောင်စုက လူတွေကို ထိန်လန့် တုန်လှုပ်မှုတွေများစွာဖြစ်စေတဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ များသောအားဖြင့် ထောင့်သန်းရောဂါက ကျွဲ နွားတွေကနေ တဆင့် ကူးစက်နိုင်ပြီး ရောဂါကူးစက်ခံရတဲ့ ကျွဲ၊ နွားတွေရဲ့ သွေး၊ အသား၊ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အဆိုပါ ဘက်တီးရီးယားတွေ များစွာရှိနေပြီး ဆဲလ်အဖြစ်သို့ပြောင်းကာ အချိန်ကြာမြင့်စွာ တည်ရှိနိုင်တဲ့ ဘက်တီးရီးယားတွေ ဖြစ်ပါတယ်။

အဆိုပါ ဗိုင်းရပ်စ်ပိုးက လူနဲ့ သွေးနွေးသတ္တဝါတွေအကုန်လုံးကို ကူးစက်နိုင်ပါတယ်။ ရောဂါကူးစက်ခံရတဲ့ ကျွဲ ၊ နွားတွေက မိနစ်ပိုင်းအတွင်းမှာပဲ သေစေနိုင်ပြီး လူတွေမှာဆိုရင် ရောဂါပိုးပါဝင်တဲ့ တိရစ္ဆာန်ရဲ့ သွေးတွေကို ထိမိမယ်ဆိုရင်တော့ ပြင်းထန်တဲ့ ပြည်တည်နာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့ပြင် ပိုပြီး ဆိုးရွားတာကတော့ သူတို့ရဲ့ အသားတွေကို စားမိမယ်ဆိုရင် အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါတွေကိုဖြစ်စေနိုင်ပြီး နောက်ဆုံး အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကျွဲ နွားတွေမှာ ထိုရောဂါပိုးကူးစက်ခံရပြီဆိုရင် အသက်ရှူရခက်လာမယ်၊ တစ်ကိုယ်လုံးတုန်ပြီး အကြောဆွဲတဲ့ လက္ခဏာ မျိုးတွေ ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒါကြောင့် ထောင့်သန်းရောဂါမဖြစ်ပွားအောင် တိုက်ဖျက်မှုတွေကို လုပ်ဆောင်နေကြပြီး ကာကွယ်ဆေးတွေကိုလည်း မျှဝေပေးလျက်ရှိပါတယ်။မြန်မာနိုင်ငံမှာလည်း ကျန်းမာရေး ဝန်ကြီးဌာန က ဦးစီးပြီး အဖြစ်များနိုင်တဲ့ ကျေးလက်ဒေသတွေမှာ အသိပညာပေးဟောပြောခြင်းတွေ ကျွဲ၊ နွားတွေကို ကာကွယ်ဆေးထိုးနိုင်ဖို့ အတွက် အပြင်းအထန် တိုက်တွန်းလုပ်ဆောင်ပေးလျက်ရှိပါတယ်။ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုပြီး ထိရောက်တာကြောင့် အသားတွေကို သေချာ ရွေးချယ် ဝယ်ယူစားသုံးသင့်ကြောင့် ဖော်ပြပေးလိုက်ပါတယ်။

Source:Youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။