ကမ္ဘာပေါ်မှာ ခွေးပြီးရင် ဒုတိယချစ်စရာအကောင်းဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေကတော့ ကြောင်လေးတွေပါ။ ကြောင်က ရှေးယခင်ကတည်းက ခေတ်အဆက်ဆက် လူတွေရဲ့ အထွတ်အမြတ်ထားပြီး ချစ်ရတဲ့ တိရစ္ဆာန်လေးတွေ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာဆိုရင် ပိုပြီး အသည်းယားစရာကောင်းချစ်ရာကောင်းတဲ့ ကြောင်လေးတွေကို တွေ့မြင်ရပြီ သူတို့မှာရှိနေတဲ့ လူကို ဒုက္ခပေးနိုင်တဲ့ ရောဂါပိုးတွေကိုတော့ မမြင်ကြတော့ပါဘူး။ ယနေ့ကတော့ ကြောင်ချစ်တဲ့ သူတွေ အတွက် ကြောင်လေးတွေ ဗန်းပြပြီး လက်ယပ်ခေါ် နေတဲ့ ကြောက်စရာကောင်းတဲ့ ရောဂါပိုးမွှားတွေအကြောင်းကိုဖော်ပြပေးထားပါတယ်။

(၁) ဝမ်းရောဂါ

ကြောင်ကနေ တဆင့်လူတွေကို ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ Toxoplasmosis လို့ခေါ်တဲ့ ရောဂါတစ်မျိုးပါ။ ထိုရောဂါကို ဖြစ်စေတဲ့ အဓိက ပင်မနေရာကတော့ ကြောင်တွေရဲ့ အညစ်အကြေးတွေဆီက လာတဲ့ Coccidia လို့ခေါ်တဲ့ ဘက်တီးရီးယား ပိုးတစ်မျိုးကြောင့်ဖြစ်ပါတယ်။ လူတွေမှာ အဆိုပါ ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် ဝမ်းပျက်ဝမ်းလျှောခြင်း၊ အသည်းရောင်အသားဝါ ဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်းတို့ဖြစ်စေနိုင်တာကြောင့် ကြောင်လေးတွေရဲ့ အညစ်အကြေးတွေ စနစ်တကျ စွန့်ပစ်ဖယ်ရှားဖို့ လိုအပ်ပါတယ်။

(၂) မျက်စိနာရောဂါ

ထိုရောဂါကတော့ တစ်ခုခုကြောင့် သူတို့ မျက်လုံးလေးတွေခိုက်မီတဲ့ အခါမျိုးတွေမှာ Chlamydia psittaci လို့ခေါ်တဲ့ ကြောင်တွေမှာ မျက်စိနာတဲ့ ရောဂါကို တွေ့ရှိရပါတယ်။ ထိုရောဂါက လူကို တဆင့်ကူးစက်စေပြီး လူတွေကိုလည်း မျက်စိနာရောဂါကို ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် မျက်သားလေးတွေ အထိခိုက်မခံတဲ့ ကလေးငယ်တွေကို မျက်စိနာရောဂါ ခံစားနေရတဲ့ ကြောင်လေးတွေနဲ့ ဝေးဝေးမှာထားသင့်ပါတယ်။

(၃) မှိုရောဂါ

လူတွေနဲ့ တိရစ္ဆာန် တွေကို တိုက်ရိုက်ကူးစက်နိုင်တဲ့ မှိုရောဂါတွေကတော့ အများအပြားရှိပါတယ်။ ကြောင်တွေမှာဆိုရင် မြေသားနဲ့ ထိတွေ့မှုများတာကြောင့် မြေကြီးက ပါလာတဲ့ Fungus လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးက နေတဆင့် မှိုရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ ထိုရောဂါဖြစ်ပြီး ဆိုရင် ထိခိုက်မှု မရှိဘဲနဲ့ ကြောင်တွေရဲ့ ကိုယ်ပေါ်မှာ အနာတွေဖြစ်လာတာ အနာဖေးတွေတက်နေတာမျိုးတွေကို မြင်တွေ့ရမှာပါ။ အဆိုပါ ဘက်တီးရီးယားပိုးက ကြောင်တွေကနေ တဆင့် လူတွေကို ကူးစက်စေနိုင်ပြီး အလားတူ အနာမျိုးတွေ လူတွေမှာ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် ကိုယ်က ကြောင်လေးတွေကို အရမ်းချစ်တတ်တဲ့ သူမျိုးဆိုရင် တိရစ္ဆာန်ဆေးခန်းတွေမှာ ကာကွယ်ဆေးတွေကို သေချာ ထိုးပေးသင့်တဲ့ အပြင် သန့်သန့်ပြန့်ပြန့်ထားပြီး ရောဂါကူးစက်ခံထားရတဲ့ ကြောင်လေးတွေကို ကိုင်မယ်ဆိုရင်လည်း လက်အိတ်တို့ နှားခေါင်းစည်းတို့ နဲ့ သေချာ ကိုင်တွယ်သင့်ကြောင်း ဗဟုသုတ အနေနဲ့ ဝေမျှပေးလိုက်ပါတယ်။ 

Source:Healthline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။