ကျောက်ကပ်ရောဂါဆိုတာ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုဖြစ်သလို အချိန်တွေ ငွေတွေသာကုန်သွားမယ် လုံးဝအရှင်းပျောက်ကင်းအောင် မကုသနိုင်ကြပါဘူး။ လူ့ခန္ဓာကိုယ်မှာ ကျောက်ကပ်နှစ်ခုပါတယ်ဆိုပေမယ့် ပျက်စီးသွားရင်တော့ သင်အသက်ရှင်ဖို့ အတွက် ရာခိုင်နှုန်းက ပိုပြီးတော့ နည်းသွားမှာပါ။ တိုးတက်လာတဲ့ ဆေးပညာတွေအရာ ကျောက်ကပ်အစားထိုးခြင်း ကျောက်ကပ်ဆေးခြင်းတွေကို ပြုလုပ်နိုင်ပေမယ့် ရောဂါကို ခဏပဲ သက်သာစေမယ့် အပြင် ပိုက်ဆံကုန်ကျမှုကလည်း သာမန်မိသားစု တစ်ခု မတတ်နိုင်လောက်တဲ့ ပမာဏမှာ ရှိပါတယ်။

ဒါကြောင့် ယခုလတ်တလောမှာ အင်တာနက်ပေါ်မှာခေတ်စားနေတဲ့ ကျောက်ကပ်ရောဂါကို အရှင်းပျောက်ကင်းစေနိုင်တဲ့ ဆေးနည်းကောင်းတစ်လက်ကိုတွေ့ရှိခဲ့ပါတယ်။ ထိုဆေးနည်းက ကောျက်ကပ်ဝေဒနာရှင်တွေကို ပိုက်ဆံ အလုံးလိုက်ကုန်စရာမလိုပဲ လုံးဝအရှင်းပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။ ယခုနည်းကတော့ သဘာဝသစ်သီး တွေနဲ့ ကုသတဲ့ နည်းလမ်းဖြစ်လို့ ဆိုးကျိုးလုံးဝမရှိနိုင်တဲ့ အပြင်ရောဂါတွေကိုလည်း အမြစ်ကနေဖယ်ရှားပေးနိုင်လို့ မေတ္တာနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

(၁) ပထမဆုံးနည်းကတော့ ကျောက်ဖရုံသီးပါ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် အကောင်းဆုံး ဆေးတစ်ခွက်ကတော့ ကျောက်ဖရုံသီးဟင်းချိုပါ။ ကျေက်ဖရုံသီးတစ်ခုထဲကို တစ်ခြားအရာတွေနဲ့ မရောပဲ ဟင်းချို ချက်သောက်ရမှာပါ။

(၂) တရုတ်နံနံပင်ကို ရေနွေးထဲ စိမ့်ပြီး လက်ဖက်ခြောက်ခပ်သလို စိမ့်ပြီးသောက်ပေးပါ။ အဖတ်တွေပါ စားပေးရမှာပါ။ အဆိုပါနည်းကိုတော့ အစာ စားပြီး နာရီဝက်အကြာ အိပ်ချိန်နဲ့ ဝေးတဲ့ အချိန်မှာ သောက်ပေးသင့်ပါတယ်။

(၃) ကျောက်ကပ်ကြောင့် အထဲမှာ မခံမရပ်နိုင်အောင်အောင့်နေတဲ့ သူများအတွက် ကျောက်ဖရုံသီးကို အူတိုင်ထုတ်ပြီး အသားကို ကျောက်ကပ်နေရာမှာ ကပ်ပေးထားပါ။ မကြာခင်မှာ တဖြည်းဖြည်းသက်သာလာတာကို မြင်တွေ့ရမှာပါ။

(၄) ရေနွေးနဲ့ ရေချိုးပြီး ချွေးအောင်းပေးပါ။ ဒီနည်းကို သုံးလလောက်လုပ်ပေးမယ်ဆိုရင် ကျောက်ကပ်ဆေးနေရတဲ့ ဝေဒနာရှင်များ နောက်ဆို မဆေးရတော့မယ့် အခြေအနေကထိသက်သာ ပောျက်ကင်းလာမှာ ဖြစ်ပါတယ်။

တကယ့်ကို ကျောက်ကပ်ဝေဒနာရှင်တွေအတွက် အသုံးဝင်မယ့် ဆေးနည်းဖြစ်လို့ စမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Source: Original Uploaded

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။