ဆံပင်အမြန်ရှည်ချင်ပေမယ့် စိတ်မရှည်တဲ့ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးများ။

၁။ဆံပင်တွေက ညမှာ မပေါက်ဘူးဆိုတာ သိထားပါ။

သင့်အနေနဲ့ဆံပင်ရှည်နှုန်းကို သိထားဖို့လည်းလိုပါတယ်။ဆံပင်က ညအခါမှာ ရှည်လျားမလာပါဘူး။ဆံပင်တွေက တစ်လကို တစ်လက်မရဲ့ လေးပုံတစ်ပုံ၊အများဆုံး လက်မဝက်လောက်ပဲ ရှည်လာတာပါ။ဒါတောင်မှ ဆံပင်နှစ်ခွတွေ၊အဖျားကွဲနေတာတွေ မရှိမှ ရှည်တာဖြစ်ပါတယ်။

၂။ ကပ်ကြေးတွေက အကောင်းဆုံးသူငယ်ချင်းတွေပါ။

ဆံပင်အဖျားမှာ နှစ်ခွဖြစ်နေတာတွေ၊ကြေနေတာတွေက သင့်ဆံပင်ကို ဆက်ပြီး ရှည်လာစေမှာမဟုတ်ပါဘူး။ဒါကြောင့်ညှပ်ရမှာ နှမြောမနေဘဲ အဖျားလေးတွေကို တိပေးပါ။ဒီလိုတိပေးခြင်းအားဖြင့် မလိုအပ်တဲ့ အဖျားနှစ်ခွတွေ မရှိတော့မယ့်အပြင် ဆံပင်လည်း မြန်မြန်ရှည်လာနိုင်ပါတယ်။

၃။ သင်ခေါင်းလျှော်တိုင်း ဆံပင်ပျော့ဆေးသုံးပါ။

သင့်အနေနဲ့ ဆံပင်ကို အရောင်ပြောင်းလိုက်၊ကောက်လိုက်ဖြောင့်လိုက် လုပ်တာတွေက ဆံပင်ကို ပျက်စီးစေမှာ အသေအချာပါပဲ။ဆံပင်ကို အမျိုးမျိုးလုပ်တာက ဦးရေပြားအောက်ခြေက ဆံပင်အရင်းတွေကို ပျက်စီးပြီး ပိုပါးလွှာစေပါတယ်။Conditionerတွေက သင့်ဆံပင်မှာဆုံးရှုံးသွားတဲ့ ပရိုတိန်းတွေကို ပြန်လည်ဖြည့်စည်းပေးပြီး ပိုပြီး ပျက်စီးမှုတွေ မဖြစ်စေဖို့ အပေါ်ယံလွှာကို ကာကွယ်ပေးနိုင်ပါတယ်။

၄။ ရေချိုးတိုင်းခေါင်းလျှော်စရာမလိုအပ်ပါဘူး။

တကယ်တော့ ခေါင်းလျှော်တယ်ဆိုတာ ဦးရေပြားမှာ ကပ်နေတဲ့ မလိုအပ်တဲ့ ဖုန်တွေ၊အညစ်အကြေးတွေကို ပြောင်စင်သွားဖို့အတွက် လျှော်တာဖြစ်ပါတယ်။ဒါပေမယ့် မလိုအပ်ဘဲနေ့တိုင်းခေါင်းလျှော်မယ်ဆိုရင် ဦးရေပြားက ဆံပင်ကို နူးညံ့ပျော့ပျောင်းစေတဲ့ သဘာဝအဆီတွေကို ဆုံးရှုံးသွားစေပါတယ်။ဒါကြောင့် မလိုအပ်ဘဲခေါင်းလျှော်တာကို ရှောင်သင့်ပါတယ်။

၅။ ဆံပင်ကို ညင်သာစွာဖြီးပါ။

ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်းဖြစ်သလို ဖြီးတာကလည်း သင့်ဆံပင်တွေ ထိခိုက်ရတဲ့အချက်တွေထဲက တစ်ခုပါ။ခေါင်းလျှော်ပြီးဆံပင်ဖြီးတဲ့အခါ ဆံပင်အောက်ခြေကနေ တစ်ဆင့်ချင်းရှင်းပြီး ဖြီးပေးရပါမယ်။တစ်ခါတစ်ရံ ဦးရေပြားအရင်းကနေ စဖြီးလေ့ရှိတဲ့အကျင့်ဟာ တကယ်ကို မှားယွင်းပြီး ဆံပင် ပိုကျွတ်စေပါတယ်။

၆။ ခေါင်းအုံးစွပ်ကို အမြဲလဲပေးပါ။

ခေါင်းအုံးစွပ်တွေကလည်း သင်ဂရုပြုရမယ့်အချက်တွေထဲမှာ ပါပါတယ်။ခေါင်းအုံးက သင်အိပ်တဲ့အခါ အချိန်အကြာကြီး ထိတွေ့နေရမှာ ဖြစ်ပြီး ခေါင်းအုံးညစ်ပတ်နေရင် ဘက်တီးရီးယားတွေ ကိန်းအောင်းနေနိုင်ပါတယ်။ဒါကြောင့် ခေါင်းအုံးစွပ်တွေအမြဲလဲပေးပါ။

၇။ ဆံပင်ကို ဘယ်တော့မှ တဘက်အထူနဲ့ ပတ်မထားပါနဲ့။

ဒီအလေ့အကျင့်ကို  မိန်းကလေးတော်တော်များများ လုပ်လေ့ရှိကြပြီး တကယ်ကို ရှောင်ကြဉ်ရမယ့်အချက်ပါ။ခေါင်းလျှော်ပြီးစမှာ ဆံပင်ကို တဘက်ထူထူနဲ့ပတ်တာက ဆံပင်ကျိုးကြေမှုတွေဖြစ်စေတတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

၈။ ဆံပင်ခြောက်ပြီး ကျိုးပဲ့လွယ်တတ်ရင် ဆံပင်ခပ်တင်းတင်းစည်းတာရှောင်ပါ။

သင့်ဆံသားက အရောင်ချွတ်ထားတာပဲဖြစ်ဖြစ်၊ကျိုးပဲ့လွယ်ပြီး ပျက်စီးနေတာပဲဖြစ်ဖြစ် ထိခိုက်လွယ်ရင် ဆံပင်စည်းတာကို ရှောင်သင့်ပါတယ်။ဆံပင်က ခြောက်ပြီး ကျိုးပဲ့လွယ်လို့ ဆံပင်စည်းလိုက်တဲ့အခါ ပုံသေခေါက်ရိုးကျိုးသွားတာ၊ ဆံသားတွေ ပြတ်ထွက်သွားတာမျိုးဖြစ်တတ်ပါတယ်။သင့်အနေနဲ့ဆံပင်တွေ ကျနေလို့ ဘယ်လိုမှမတတ်တာလို့ စည်းချင်ရင်တောင် ဆံပင်စည်းမယ့်အစား ဆံထုံးခပ်ဖွဖွလေးထုံးပြီး ကလစ်နဲ့ ညှပ်ထားပါ။

၉။ ရေချိုးပြီးတိုင်းရေအေးနဲ့လောင်းပါ။

ဒီအချက်က ဆံပင်ရှည်လာပြီး ဆံပင်ပေါက်ဖို့ လွယ်ကူမြန်ဆန်တဲ့ နည်းတစ်နည်းလည်း ဖြစ်ပါတယ်။ရေအေးက ဆံပင်ရဲ့အပြင်လွှာကို ပျော့စင်းစေပြီး အစိုဓာတ်ဆုံးရှုံးမှုနဲ့အပူကြောင့် ဆံပ

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။