ဘာလို့များရုတ်တရက်ကြီးသေသွားရတာလဲ

အဆိုပါဖြစ်စဉ်သည် မတ် ၂၃ ရက်နေ့ မနက်အစောပိုင်းက ရုရှားနိုင်ငံ ခါဇံမြို့မှာဖြစ်ပွားခဲ့တာပါ….

အသက် ၂၂ အရွယ် အမျိုးသမီးတဦးဟာ ကားမောင်းနေရင်း ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် လိုက်ဖ်လွှင့်နေတုန်း လမ်းတဘက်မှ မောင်းနှင်လာတဲ့ ဘတ်စကားကြီးက့ မတော်တဆ ဖြတ်တိုက်မိခဲ့တာပါ။

ရုပ်သံဗွီဒီယိုထဲမှာတော့ သူမဟာသီချင်းတအေးအေးနဲ့ ကင်မရာဘက်ကိုကြည့်လိုက်၊ ကားမောင်းလိုက်လုပ်နေခဲ့တာပါ….

အဆိုပါ ယာဉ်မတော်တဆဖြစ်မှုကြောင့် ဖေ့စ်ဘွတ်ခ်လိုက်ဖ်လွှင့်တဲ့ အမျိုးသမီးမှာ သေဆုံးခဲ့ပြီး ဘတ်စ်ကားကြီးပေါ်က ကားသမားနဲ့ ခရီးသည် စုစုပေါင်း ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

Source: DVB TV News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။