ဆီးခုံချင်းဆက် အမြွှာညီအစ်ကိုအား မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၌ အကြီးစား ခွဲစိတ်မှုပြုလုပ်ခ့ံပါတယ်။

ဆီးခုံချင်းဆက် အမြွှာညီအစ်ကို မောင်ဝေယံငြိမ်းနှင့် မောင်ဝေယံဟိန်းတို့ကို မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှာ မတ် ၂၃ ရက် နံနက် ၆ နာရီအချိန်ခန့်မှ စတင်ကာ အကြီးစားခွဲစိတ်ကုသမှုများပြု လုပ်ခဲ့တယ်လို့ Eleven Mediaရဲ့ သတင်းအရ သိရပါတယ်။

Conjoined twinsကို ပါမောက္ခ(မောင်မောင်လွင်,ကိုသူရဦး)တို့က

ခွဲခဲ့တယ်လို့ သိရပါတယ်။ ည ၉နာရီခွဲမှာ အခက်အခဲများကိုကျော်ဖြတ်ပြီးခွဲစိတ်မှု အောင်မြင်ခဲ့ကြောင်းကြားသိရပါတယ်။ ကလေးနှစ်ယောက် ဘဝလမ်းတလျောက် အဆင်ပြေချောမွေ့ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit Angela Tinhla

Source - Eleven Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။