မုံရွာမြို့ မိုးညှင်းသံဗုဒ္ဓေဘုရားအတွင်းရှိ အလှုခံဗုံးတွေအတွင်းမှ အလှှုငွေတို့ အား ခိုးယူသူကို ယနေ့မတ်လ(၂၃)ရက် နံနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့ရဲစခန်းမှ သိရပါတယ်။

တရားခံဟာ မိုးညှင်း သံဗုဒ္ဓေဘုရား အလှှုခံငွေတွေကို မတ်လ(၁၄)ရက်နေ့က ခိုးယူကာထွက်ပြေးသွားသွားခဲ့ပြီး ယနေ့မနက်ပိုင်းက ဆိုင်ကယ်အငှားလိုက်သူတစ်ဦး ရဲ့ သတင်းပေးအချက် ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

အဆိုပါငွေကြေးခိုးယူသူဟာ မုံရွာမြို့မှ ရွှေဘိုမြို့သို့ သွားရောက်ရန်အတွက် ခရီးသည်တင် ယာဉ် နဲ့ လိုက်ပါစဉ်အဖမ်းခံရခဲ့တာဖြစ်ပါတယ်။

ခိုးယူသူ တရားခံ မျိုးထက်အောင်(ခ)ပြဲပြဲ (၃၂)နှစ် ဟာ ဝန်းသိုမြိုနေထိုင်သူ ဖြစ်ပြီး သူ့ကို ဘေးလွယ်အိတ်အတွင်းမှ ငွေစက္ကူ (၇၆၀၃၅၀) ကျပ်နဲ့အတူ မုံရွာမြို့အတွင်းမှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။ 

သတင်းအရင်းမြစ် Mizzima page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။