စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မတ် ၂၂ ရက်နံနက် ၄ နာရီခန့်က ကန့်ဘလူဘူ တာနှင့်ကျွန်း လှဘူတာကြား မိုင်တိုင်အမှတ် ၄၉၃/၂၃ နှင့် ၄၉၃/၁ ကြား ရထားအမှတ် ၄၁ အဆန်ရိုးရိုး အမြန်ရထားနှင့် ရထားအမှတ် ၄၂ အစုန်ရိုးရိုးအမြန်ရထားတို့ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မန္တလေးမှ ထွက်ခွာလာသော ရထားအမှတ် ၄၁ (ရိုးရိုးအမြန်အဆန်) စက်ခေါင်းအမှတ် DF1357 စက်ခေါင်းမောင်း ဦးသန်း ထိုက်(၄၀) နှစ်၊ ရထားထိန်းဦးအောင်ဖြိုး တို့မောင်းနှင် လာ သောရထားသည် မတ် ၂၂ ရက်နံနက် ၃ နာရီခွဲ ခန့်က ထန်းကုန်းဘူတာမှထွက်ခွာလာပြီး ကန့်ဘလူဘူတာတွင် ရပ်တန့်ရမည်ဖြစ်သော်လည်း စက်ခေါင်းမောင်း မှာအိပ်ပျော်နေသဖြင့် ရထားမှာရပ်တန့်ခြင်းမရှိဘဲ ကျွန်းလှဘူတာ ဘက်သို့ဆက်လက်ထွက်ခွာ သွားခဲ့သည်။

မိုင်တိုင်အမှတ် ၄၉၃/၂၃ နှင့် ၄၉၃/၁ ကြားအ ရောက်တွင် ရထားအမှတ် ၄၂(ရိုးရိုးအမြန်အစုန်)စက်ခေါင်းအမှတ် DF1350 စက်ခေါင်းမောင်းဦးရန်မျိုးအောင်(၃၈)နှစ်၊ ရထားထိန်းဦးမြင့်မောင် တို့မောင်းနှင် လာသောရထားဖြင့် တိုက်မိခဲ့ ခြင်းဖြစ်ပြီးရထားလမ်း ပိတ်ဆို့လျက်ရှိသည်။

အဆိုပါရထားနှစ်စင်း တိုက်မိမှုကြောင့် ရထားအ မှတ် ၄၁ စက်ခေါင်းတွာင် Running Plate (ကော်ရစ်တာ)ချိုင့်ဝင်၊ ဘာဘာရှပ်ကျိုး၊ အင်ဂျင် ဘောနပ်ခေါင်းကျွံ(အဖုံး) ခရီးသည်ရိုးရိုးတွဲအ မှတ် BD TZE 12070 သည် ဘီးနှစ်ဘီး ချော်ကျခဲ့ပြီး ၄၁ အဆန်ရထားမှ တွဲဆိုင်းများအား ကန့်ဘလူဘူတာမှ သစ်လုံးရထားစက်ခေါင်းဖြင့် နံနက် ရ နာရီတွင်ကန့်ဘလူ ဘူတာဘက်သို့ဆွဲ သွားခဲ့သည်။

ရထားအမှတ် ၄၂ အစုန်ရထားစက်ခေါင်းမှာ ဘာဘာရှပ်ကျိုး ၊ကာလာဖိနပ်ပျက်စီး၊ ဘာဘာပလိတ်ပိန့်ရှုံ့ခြင်း၊ တွဲအမှတ် BD TZE 12237 မှဘီးနှစ်ဘီးချော်ကျခဲ့ပြီး ၄၂ အစုန်ရထားမှတွဲ ဆိုင်းများအား ကျွန်းလှဘူတာမှ အမှတ် ၅၈ အစုန် ရထားဖြင့် နံနက် ရ နာရီခွဲတွင် ကျွန်းလှ ဘူတာဘက်သို့ဆွဲသွားခဲ့သည်။

ရထားအမှတ် ၄၁ ရထားသည် ကန့်ဘလူဘူတာ ၂ လမ်းတွင်ရပ်တန့်ရ မည်ဖြစ်သော်လည်း မရပ် တန့်သဖြင့် ဘူတာရုံပိုင်ဦးကျော်ကျော်ဝင်းမှစက် ခေါင်းမောင်းအား ခဲနှင့်ပေါက်နှိုးခဲ့သော်လည်း မရရှိသဖြင့် ရထားပေါ်ပါလက် မှတ်စစ်ဦးသန်းဝင်းနိုင်နှင့် ဖုန်းအဆက်အသွယ်ရရှိပြီး ၎င်းလက်မှတ် စစ်မှရထား တွဲပေါ်ပါအရေးပေါ်ဘရိတ် များအား ဆွဲသဖြင့် ရထားအရှိန်လျော့ပြီး တိုက်မိသဖြင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းနှင့် အဆိုပါရထားနှစ်စင်းတိုက်မိနေရာသို့ ခရိုင်၊ မြို့ နယ်မှတာဝန်ရှိသူများ၊အမှတ် ၆၀၀၆ တင့်ကား တပ်ရင်းမှူးနှင့်တပ်ဖွဲ့ဝင်းများ၊ကန့်ဘလူဘူတာ ရုံပိုင်ကြီး ဦးတင်ကိုကိုတို့မှ လိုအပ်သည်များ အနီးကပ်ကြီးကြပ်ပေါင်း စပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရ သည်။

ယင်းရထားတိုက်မိနေရာသို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူများရောက် ရှိလာပြီးလမ်းပိတ်ဆို့မှု အားအမြန်ဆုံးရှင်း လင်းနိုင်ရေးနှင့်ပျက်စီးမှုများ ပြင်ဆင်နိုင်ရေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။