ကိုယ်ဝန်ဆောင်မိခင်များအတွက် သတင်းကောင်းလေးတစ်ခုထွက်လာပါပြီ ။

၂၀၁၇ ခုနှစ် April ၁ ရက်ကစပြီး ကိုယ်ဝန်ဆောင်သူများ ၊ မွေးဖွားလာသောကလေးများအတွက်

လစဉ်ကျပ် ၁သောင်းခွဲ ထောက်ပံ့ကြေးရရှိမည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌါနမှ သိရှိရပါတယ် ။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌါန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က

" ဧပြီလ ၁ ရက်နေ့ကစပြီး ကိုယ်ဝန်ဆောင်သူတွေ၊ အဲဒီနေ့မှာ မွေးတဲ့သူတွေ၊ အဲဒီနောက်ပိုင်း မွေးတဲ့သူတွေ အကျုံးဝင်မယ်။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်ကနေ ကလေး ၂ နှစ်သားအရွယ်အထိ တစ်လ တစ်သောင်းခွဲကျပ် ထောက်ပံ့ပေးမယ် " လို့ဆိုပါတယ် ။

ထိုအစီအစဉ်ကိုချင်းပြည်နယ်တွင် စတင်အကောင်ထည်ဖော်ရန်ဆောင်ရွက်နေပြီး ကလေးအသက် ၂ နှစ်ထိ တစ်သောင်းခွဲကျပ် ထောက်ပံ့ပေးမှာပါလို့ဆိုပါတယ် ။ လက်ရှိကောက်ခံထားသော စာရင်းများအရ ကိုယ်ဝန်ဆောင် ၁၃၀၀၀ ခန့်ရှိပြီး ချင်းပြည်နယ်အတွက် နှစ်လတစ်ကြိမ် ထောက်ပံ့ပေးသွားပြီး ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုလည်း ထောက်ပံ့ရေးအစီအစဉ်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Source : The Voice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။