ပရိတ်သတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားတဲ့ အနုပညာရှင်များထဲတွင် ထိပ်တန်းရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနေတိုးတစ်ယောက်လည်းအပါအဝင် ဖြစ်ပါတယ်။ နေတိုးဟာ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင် ပီပြင်စွာသရုပ်ဆောင်နိုင်သည့်အပြင် ထူးခြားကောင်းမွန်တဲ့အသံပါရမီနဲ့လည်း ပြည့်စုံတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

လတ်တလောတွင် ရုပ်ရှင်ကားကြီးများစွာရိုက်ကူးနေပြီး ပွဲအခမ်းအနားများလည်း တက်ရောက်ဖြစ်နေတယ်လို့သိရပါတယ်။ သူဟာ အခုလက်ရှိမှာတော့ မန္တလေးကို ပွဲအခမ်းအနားတွေတက်ရောက်ဖို့ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ သူဟာ ရခိုင်တိုင်းရင်းသားတစ်ဦးလည်းဖြစ်ပြီး သူ့ရဲ့မွေးရပ်မြေကိုလည်း တန်ဖိုးထားချစ်ခင်သူတစ်ယောက်ပါ။ သူ့ရဲ့မွေးရပ်မြေကိုမရောက်တာကြာပြီဖြစ်သောကြောင့် လွမ်းဆွတ်သတိရနေကြောင်းကို နေတိုးရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှထားတာကိုလည်းတွေ့ရပါတယ်။

“ ဒီနေ့ မန္တလေးမှာ၂၆Bလမ်း၆၄လမ်းဒေါင့်မှာ( ရွှေမန်း)Tea Shop ဆိုင်(၂)ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ဖြစ်တယ်ပေါ့ ပရိသတ်တွေအများကြီးနဲ့တွေ့ရတာတကယ်ပျော်စရာပါ အားလုံးကိုဓာတ်ပုံပေးရိုက်ချင်ပေမယ့်လည်း လူတွေများလွန်းတာကြောင့်လက်ပြနှုတ်ဆက်ပြီးပဲပြန်ခဲ့ရပါတယ်

ဒါပေမဲ့မန္တလေးခရီးကတော့မပြီးသေးပါဘူး မနက်ဖြန်(Fluza)promotionအတွက် ဆက်နေဖြစ်တာပေါ့ မန္တလေးဆိုတော့လဲ အနွေးထည်ထည့်မလာမိတာ မှားတယ်လို့ဘယ်ထင်ပါ့မလဲ အခုတော့မှားပြီလေ19'Cတဲ့ ဒါပေမဲ့ကံကောင်းချင်တော့ ကိုဝေမင်းမောင်ပေးခဲ့သောလက်ဆောင်အထုပ်ကိုဖွင့်ကြည့်မိတယ် အားလုံးသိပြီးဖြစ်တဲ့ XTREME အမှတ်တံဆိပ်

Hoodieအဖြူလေးတစ်ထည် ဝတ်ကြည့်လိုက်တော့ပရိသတ်များအခုမြင်တဲ့အတိုင်းပဲ ချစ်စရာတော်တော်ကောင်းသား ချစ်စရာဆိုတာထက်ခလေးဆန်နေတာ ခလေးတောင်မှ ၁နှစ်၂နှစ်အရွယ်လေး ဒါပေမဲ့fashionဆိုတာသူ့ခေတ်နဲ့သူ ပြုံးစိစိနဲ့ selfie တွေရိုက်လိုက်တာလက်လွန်သွားလို့မပြောတော့ပါဘူး အတွေးတွေပါလွန်ကုန်တာ ကျွန်တော်မွေးဖွားရာ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းဆီကို မပြန်ဖြစ်တာ နှစ်၂၀ တောင်ရှိခဲ့ပါပြီး လွမ်းနေမိပါတယ်ရခိုင် ပြည်ကြီးရေ... ခံစားချက်တွေရေးလိုက်ရရင် ...အင်.. ရေးလိုကုန်မယ်မထင်ပါ.

ကဲ ပရိသတ်များကိုကျွန်တော်ပြောချင်တာလေး ပြောပါတော့မယ်.

ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ အရမ်းလှပတဲ့ ကမ်းခြေတွေ၊ ရှှုခင်းတွေ၊ တောတောင်ရေမြေသဘာဝအလှ တွေ အများကြီးရှိပါတယ်။ ဒီလို လှပတဲ့ ရှှုထောင့်တွေကိုလည်း ကမ္ဘာက သိအောင် ပြသဖို့လိုပါတယ်။ ဒီရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ “My Beautiful Rakhine” ဓာတ်ပုံပြိုင်ပွဲမှာ ကျွန်တော့် ပရိသတ်တွေအားလုံးကိုလည်း ပါဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီလိုအားလုံးပါဝင်မှလည်း ဒီရည်ရွယ်ချက်က အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲမျိုးကို တနှစ်ပါတ်လည်လုံးကျင်းပသွားအောင်စီစဉ်လျှက်ရှိတယ်လို့သိရပါတယ်။

�မြောက်ဦး၊ ငပလီ၊နှင့်ကျွန်တော်မွေးဖွားရာ မာန်အောင်ကျွန်းတိုအပါအဝင်ရခိုင်ပြည်နယ်မှာ ရိုက်ထားတဲ့ ဘယ်အလှဓာတ်ပုံလေးတွေ ကိုမဆို #mybeautifulrakhine #mpsrakhine တို့နဲ့အတူ Instagram ရယ် Facebook မှာတွဲတင်ပြီး ပါဝင်နိုင်ပါတယ်။

ကျွန်တော်အခု share ထားတဲ့ပုံကတော့ကျွန်တော်မွေးဖွားရာ မာန်အောင်ကျွန်းက ကမ်းခြေအလှ ဖြစ်ပါတယ်။ တကယ်ကိုလှပတဲ့ အဖိုးတန် နေရာတစ်ခုဖြစ်ပါတယ်။ #mybeautifulrakhine #mpsrakhine

အသေးစိတ်အချက်အလက်တွေကို “My Beautiful Rakhine Photo Contest” Facebook Page မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။ https://www.facebook.com/mybeautifulrakhine/ ပြိုင်ပွဲပိတ်ရက်က February (7) ဆိုတော့ အခုဘဲ ပါဝင်လိုက်ကြရအောင်ပရိသတ်ကြီးရေ...ပရိသတ်များအားလုံးကျမ်းမာရွှင်လန်းကြပါစေ ....ရခိုင်ပြည်ကြီးကိုလွမ်းဆွတ်ခြင်းများစွာဖြင့်..... နေတိုး " ဆိုပြီး ဖော်ပြထားပါတယ်။ ကလေးတစ်ယောက်လိုဖြူစင်တဲ့နေတိုးရဲ့ချစ်စဖွယ် ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Photo -Nay Toe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။