အဆိုတော်သားကြီးဟာ “ ရုပ်သေးရုပ် " ဆိုတဲ့သီချင်းလေးနဲ့ ပရိတ်သတ်တွေရဲ့ရင်ထဲကိုနေရာယူလာသူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုတော်ရဲလေးနဲ့ အတူတူတွဲဖက်သီဆိုထားတဲ့ သီချသ်းလေးတွေဟာလည်း ပရိတ်သတ်တွေအတွက် ပိုမိုပြီးအကြိုက်တွေ့စေခဲ့တာပဲ ဖြစ်ပါတယ်။ သူရေးသားသီဆိုခဲ့တဲ့ သီချင်းတွေဟာလည်း ပရိတ်သတ်တွေရဲ့ခံစားချက်နှင့် ထပ်တူကြခဲ့တာလည်း ဖြစ်ပါတယ်။

တစ်ကိုယ်တော်တေးAlbumတွေများစွာ ထွက်ရှိထားတဲ့သားကြီးဟာ ပရိတ်သတ်တွေအတွက် သီချင်းအသစ်များလည်းရေးသားနေတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့အသံချိုချိုလေးတွေဟာ ကြားရတဲ့သူတိုင်းကို စိတ်ပျော်ရွှင်ကြည်နူးမှုကို ပေးစွမ်းနိုင်သော အစ

သံမျိုးလည်း ဖြစ်ပါတယ်။

လတ်တလောတွင် လူမှုကွန်ယက်စာမျက်နှာတိုင်းတွင် စိန်ခေါ်မှုအမျိုးမျိုး ခေတ်စားနေတာပဲ ဖြစ်ပါတယ်။ ဒါပင်မဲ့ အဆိုတော်သားကြီးဟာ သူများတွေထက်ပိုမိုထူးခြားသော အထူးစိန်ခေါ်မှုကြီးတစ်ရပ် ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲ့တာကတော့ ၂၀၀၄ ခုနှစ်မှစပြီး ၂၀၁၆ ခုနှစ်အထိ သူ့ရဲ့ရည်းစားဟောင်းများရဲ့ပုံများကိုတင်ကာစတစ်ကာလေးများအုပ်ကာ စိန်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာလည်း “ ကဲ ထားခဲ့ဖူးတဲ့ရည်းစားပုံတွေနဲ့ challenge လိုက်ပြီ သတ္တိရှိတဲ့ကောင် ထွက်ခဲ့ ဒါတောင် 2009 နဲ့ 2013 တုန်းက ပုံတွေပြန်ရှာမတွေ့တော့လို့... " ဆိုပြီး စိန်ခေါ်ထားတာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေအတွက် အဆိုတော်သားကြီးရဲ့ထူးခြားတဲ့စိန်ခေါ်မှုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Tharr Gyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။