အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီသည် ယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားသစ်ကို အဌားဖြင့်ခေါ်ယူဖွယ်ရှိတယ်လို့ပြောကြားထားရာ ဘိုင်ယန်အသင်းတွင်ပုံမှန်နေရာမရဖြစ်နေသည့် ကိုလံဘီယာကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖွယ် ရှိနေသည်။ 

အမ်မရီသည် အသင်းတွင်လစာအများဆုံးအဖြစ် တစ်ပတ်ကိုပေါင်သုံးသိန်းခွဲပေးထားရသည့် အိုဇေးလ်ကစားပုံမှာ မိမိနည်းစနစ်ပိုင်းနှင့်မကိုက်ညီဟုဆိုကာ အသုံးမပြုပဲ ရီဒရီဂွက်ဇ်မှာပိုမို လိုက်ဖက်နိုင်သည့် ကစားသမားအဖြစ် ရှုမြင်ထားကြောင်းသိရသည်။ ဘိုင်ယန်အသင်းသည် ရိုဒရွီက်ဇ်ကိုရီးရဲလ်ထံမှ နှစ်နှစ်အဌားစာချုပ်အတွက် ပေါင် ၁၁သန်းခွဲဖြင့်ခေါ်ယူခဲ့ပြီး အပြီးသတ်ဝယ်ယူလိုလျှင်ပေါင် ၃၉သန်းခွဲ ပေးရမည်ဖြစ်သည်။ 

လက်ရှိတွင် ဘိုင်ယန်နည်းပြ နီကိုကိုဗက်၏အကြိုက်မတွေ့သောကစားသမားဖြစ်နေသည့် ရိုဒရီဂွက်ဇ်ကို ဘိုင်ယန်နှင့် အဌားစာချုပ်လက်ကျန်သက်တမ်း ခြောက်လအတွက်အာဆင်နယ်အနေဖြင့် ပေါင်သုံးသန်းသာပေးနိုင်လျှင် အဌားခေါ်ယူနိုင်မည်ဖြစ်ပြီး အမ်မရီဘက်မှခေါ်ယူသွားဖွယ်ရှိသည်။

Source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။