Miss Universe Myanmar ရဲ့အလှမယ်တစ်ဦးဖြစ်တဲ့ ထက်ထက်ထွန်းတစ်ယောက်ဟာ စမတ်ကျလှတဲ့ဖက်ရှင်နဲ့ ဖော်ရွေပျူဌာတဲ့ အပြုံးလေးတွေကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို တစ်ခဲနက်ရရှိထားသူပါ။ သူမကိုတော့ မော်ဒယ်ပိုင်းတွင်သာမကပဲ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာကို တွေ့လာရပါတယ်။

အလှမယ်တစ်ယောက်ဖြစ်တဲ့ထက်ထက်ထွန်းဟာ သူမကျွမ်းကျင်တဲ့မော်ဒယ်အလုပ်အပြင် Museum Myanmar Model Agency ဆိုတဲ့ မော်ဒယ်သင်တန်းကျောင်းလေးကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။ သူမဟာ မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ စမတ်ကျလှပမှုတွေ ထက်မြက်မှုတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ 

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ သူမဟာလွန်ခဲ့တဲ့နာရီပိုင်းကပဲ “ Miss Ethnic Myanmar 2019 " ပွဲတွင်ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက် သူမရဲ့လူမှုကွန်ယက်တွင် မျှဝေထားတာကိုတွေ့ရပါတယ်။ သူမဟာဒီပွဲလေးမှာတော့ ဒိုင်လူကြီးအဖြစ်ပါဝင်ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာဆန်ဆန်လေးနဲ့လှနေတဲ့ ထက်ထက်ထွန်းရဲ့ပုံရိပ်လေးများကို အားပေးလိုက်ကြရအောင်နော်။

Photo - Htet Htet Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။