ချင်းတိုင်းရင်းသားအမေရိကန် နိုင်ငံသားထီရယ်ထန်သည် MMA ပြိုင်ပွဲများကျင်းပနေသည့် ONE Championship အဖွဲ့အစည်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ၎င်း၏ပွဲစဉ်များကို မြန်မာနိုင်ငံတွင် ကြည့်ရှုရဖွယ်ရှိကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ နည်းပြဦးအောင်ဆန်းဦးထံမှ သိရသည်။ ထီရယ်ထန်သည် ONE Championship အဖွဲ့အစည်းနှင့် ယခုနှစ်အတွင်းကျင်းပမည့် MMA ပြိုင်ပွဲများထိုးသတ်ရန် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့အစည်းကမြန်မာနိုင်ငံတွင် ကျင်းကမည့် MMA ပြိုင်ပွဲတွင် ၎င်းအနေဖြင့် အိမ်ရှင်ပရိတ်သတ်များရှေ့တွင် စတင်ထိုးသတ်ရဖွယ် ရှိနေသည်။ 

ထို့ပြင်ထီရယ်ထန် အနေဖြင့် မန်မာနိုင်ငံတွင် ကျင်းပမည့် MMA ပွဲများမတိုင်မီ မြန်မာနိုင်ငံကိုယ်စားပြုကာ အခြားနိုင်ငံများသို့သွားရောက်ထိုးသတ်ရဖွယ်ရှိပြီး ၎င်း၏ပွဲစဉ်များနှင့်ပက်သက်၍ One Championship အဖွဲ့အစည်းကမထုတ်ပြန်ရသေးကြောင်းသိရသည်။  

ထီရယ်ထန်က “ ကျွန်တော့အနေနဲ့အခုလို One Championship အဖွဲ့အစည်းနှင့်အခုလိုစာချုပ်ချုပ်ဆိုနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံက ပရိတ်သတ်တွေနဲ့ဆုံတွေ့ ဖို့မစောင့်နိုင်တော့ပါဘူး" ဟုပြောကြားခဲ့သည်။ အောင်လအန်ဆန်က “ ၂၀၁၉ ခုနှစ်မှာ ချင်းလူငယ်ဖိုက်တာ ထီရယ်ဆန်ကိုစောင့်ကြည့်ပါ။ လတ်တလောမှာပဲ သူစာချုပ်တချို့သဘောတူထားပါတယ်။ သူ့အနေနဲ့မြန်မာပြည်နဲ့ချင်းညီအစ်ကို မောင်နှမတွေကို ကိုယ်စားပြုကစားမဲ့အချိန်ကို ကျွန်တော်တွေ့ချင်နေပါပြီ " ဟု ပြောကြားခဲ့သည်။

Source - Tial Thang Zathang  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။