မြန်မာ ယူ -၂၂ အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဦးကြည်လွင်ကို ဒီနေ့မှာပဲ ရာထူးမှထုတ်ပယ်လိုက်ပြီလို့ကြေညာခဲ့တာပဲဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ လစ်လပ်သွားတဲ့နည်းပြရာထူးနေရာကို ဘူဂေးရီးယား လူမျိုးနည်းပြ ဗီလီဇာ ပိုပေါ့ကို အစားထိုးခန့်အပ်လိုက်ပြီလို့ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ ဦးကြည်လွင်ဟာ မကြာခင်ကယှဉ်ပြိုင်ခဲ့တဲ့ ဗီယက်နမ်ယူ -၂၂ ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် ဒုတိယရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ 

နည်းပြသစ်ဖြစ်လာတဲ့ ပိုပေါ့ဟာ နည်းပြသက်တမ်းတစ်လျှောက် ထိုင်းကလပ် ဆူဖန်ဘူရီအသင်းကိုကိုင်တွယ်ဖူးသလို မော်လ်ဒိုက်လက်ရွေးစင်အသင်းကိုလည်း တာဝန်ယူကိုင်တွယ်ခဲ့ဖူး သူတစ်ယောက်ဖြစ်ပါတယ်။ ဗီလီဇာပိုပေါ့အနေနဲ့ နောက်ဆုံး ကိုင်တွယ်ခဲ့တာကတော့ အိုမန်ကလပ် ဆားစပေါ့အသင်းကို တာဝန်ယူကိုင် တွယ်ခဲ့တာ ဖြစ်ပြီး နည်းစနစ်ဒါရိုက်တာ အဲရစ်ရဲ့ ရွေးချယ်မှုနဲ့ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

ဗီလီဇာကို အခုလို အစားထိုးခန့်အပ်လိုက်ရတဲ့ အဓိက အကြောင်းရင်းကတော့အဓိက အားဖြင့် မြန်မာကစားသမားတွေနဲ့ ကိုက်ညီမှု အရှိဆုံး နည်းပြဖြစ်လို့ ရွေးချယ်ခဲ့တာလို့ နည်းစနစ်ဒါရိုက်တာ မစ္စတာ အဲရစ်က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာ ယူ-၂၂အသင်းကတော့ ၂၀၁၉ ခုနှစ်ထဲမှာ အဓိက ပြိုင်ပွဲတွေအဖြစ် အာဆီယံ ယူ-၂၂ ၊ အာရှ ယူ-၂၂ ခြေစစ်ပွဲနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေကို ပါဝင်ကစားဖို့ ရှိနေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။