ချစ်ပရိတ်သတ်ကြီးရေ ကိုရီးယားမလေးလား ထင်မှားလောက်အောင် ချစ်ဖို့ကောင်းတဲ့ ရှမ်းတရုတ်မလေး Alice Ong ကိုတော့ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမကတော့ မော်ဒယ်အဖြစ်နဲ့ အနုပညာလောကကို ဝင်ရောက်လာပြီး ယခုချိန်မှာတော့ ကြော်ငြာများ ဇာတ်ကားများရိုက်သည်အထိ ပရိတ်သတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားရသူလေးဖြစ်နေပါတယ်။သူမရဲ့ ချစ်စရာအပြုံးလေးတွေကပဲ ပရိတ်သတ်ရဲ့အချစ်တွေကို ပိုစေခဲ့တာလည်းဖြစ်ပါတယ်။

သူမဟာ Miss Asia 2015 ကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ အလှမယ်လေးတစ်ဦးလည်းဖြစ်ပါတယ်။ကြွေရုပ်လေးလို့ ထင်မှားရောက်လောက်အောင် ဖြူဝင်းလှပနေသူလေးမို့ မိန်းကလေးပရိတ်သတ်အချို့ အားကျချစ်ခင်နေရခြင်းလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း ဖက်ရှင်အမိုက်စားလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားပါတယ်။

သူမရဲ့ ချစ်စရာပုံလေးတွေနဲ့အတူ "အခုလိုရိုးရိုးလေးကိုလှလှလေးဖြစ်အောင်ကြည့်ပေးပါနော်"ဆိုပြီးလည်း စနောက်တင်ထားတာကိုတွေ့ရပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း Alice Ong ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုကြည့်ရူ့ပြီး သူမရဲ့ရှေ့ဆက်မဲ့အနုပညာအလုပ်တွေကိုလည်း အားပေးလိုက်ပါအုံးနော်။ဒီထက်မကလည်းအောင်မြင်မှုတွေ ချစ်ခင်မှုတွေ ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source:Alice Ong

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။