လက်ဖက်စိမ်းကိုနေ့စဉ်သောက်ပြီး ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်မလဲ။

လက်ဖက်စိမ်းမှာ ဇီဝဗေဒဖြစ်စဉ်နိုးကြားတက်ကြွစေတဲ့ဒြပ်ပေါင်းတွေပါဝင်တာကြောင့်ကျန်းမာရေးအတွက် ကောင်းမွန်တိုးတက်စေပါတယ်။ လက်ဖက်စိမ်းမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေကြောင့်ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကိုပိုပြီးတိုးတက်ကောင်းမွန်ပြီး သင့်ရဲ့လုပ်ဆောင်ချက်တိုင်းကို ပိုမိုထိရောက်လျင်မြန်စေပါတယ်။ လက်ဖက်စိမ်းကိုသောက်သုံးခြင်းအားဖြင့် အဆီလောင်ကျွမ်းမှုကိုတိုးပွားစေပါတယ်။ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်လျော့ချစေပါတယ်။ ဦးနှောက်ဉာဏ်စွမ်းအားလျော့ကျမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ဘက်တီးရီးယားတွေကိုသေစေတဲ့အပြင်ရောဂါကူးစက်မှုများကိုကာကွယ်ပေးပြီးသွားကျန်းမာရေးကိုလည်း အထာက်အပံ့ပေးပါတယ်။ ဆီးချိုရောဂါသမားတွေအတွက်လည်း ပုံမှန်သောက်သုံးပေးရင် သွေးတွင်းရှိ အချိုဓာတ်ကိုထိန်းချုပ်ပေးပြီး ဆီးချိုတက်ခြင်းကို လျော့ချပေးနိုင်ပါတယ်။ နှလုံးသွေးလည်ပတ်မှုကိုကောင်းစေတာကြောင့် နှလုံးရောဂါဝေဒနာရှင်များအတွက်လည်း အထူးသောက်သုံးသင့်ပါတယ်။

ကိုယ်အလေးချိန်လျော့ချင်တဲ့သူတွေအတွက် စိတ်ဝင်စားစရာကောင်းမယ်ထင်ပါတယ်။လက်ဖက်စိမ်းမှာ ကိုယ်အလေးချိန် ၀ိတ်ကျအောင်ကူညီပေးနိုင်တဲ့ ဒြပ်တွေအပြင် အဝလွန်ရောဂါမဖြစ်အောင်လည်းထိန်းချုပ်ပေးနိုင်ပါသေးတယ်။

အသားအရေလှပမှုကို တန်ဖိုးထားတဲ့သူတွေအတွက်လည်းလက်ဖက်စိမ်းဟာ တန်ဖိုးထားအားထားစရာပါပဲ။ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တာကြောင့် ဝက်ခြံအသားအရေနဲ့ သင့်တော်သလို အသားအရေစိုပြေလှပမှုအတွက်လည်း ကူညီပေးပါတယ်။ဒီနေ့ခေတ်အလှကုန် တော်တော်များများမှာလည်းလက်ဖက်စိမ်းကမပါမဖြစ်ပါပဲ။ ဒါကြောင့်မို့ လက်ဖက်စိမ်းရေနွေးကြမ်းကို တတ်နိုင်သမျှ နေ့စဉ်သောက်သုံးသင့်ပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။