ကလေးခေါင်းတုံးရိတ်ခြင်းပာာ ကလေးငယ်အတွက် ကေညင်းသလား မကောင်းဘူးလား။

မိခင်များအတွက် ရေးပေးလိုက်ပါတယ်နော်။

ကလေးငယ်ရဲ့ ဦးရေပြားဟာ နုနယ်ပါတယ် ထိမိရှမိရင်တောင် ပိုးဝင်လွယ်ပါတယ် ပိုးဝင်ရင် ဘာဖြစ်တတ်လဲဆိုတော့သေတတ်ပါတယ်။မိမိရင်သွေးကို မသတ်မိပါစေနဲ့ ။ခေါင်းတုံးရိတ်ခြင်းကြောင့် ဆံပင်ပိုသန်မလာပါ။ဆံသားနုလေးများကြမ်းသွားတာပဲရှိပါတယ်။ကလေးငယ်ဟာ မိဘ မျိုးရိုးပေါ်မူတည်ပြီးဆံပင်ပါးတတ်ကြပါတယ် ။

ကြီးလာတာနဲ့အမျှ ဆံသားကြမ်းလာပြီးသန်လာမှာပါ။မွေးဆံပင်မထားကောင်းဆိုတဲ့အယူကြောင့်ရိတ်ချင်ရင်လဲ ကလေး ၆လမှရိတ်သင့်ပါတယ်။ပူတဲ့ရာသီဆိုရင် ၄ လမှာရိတ်ပါ။ဆံပင်ထူတဲ့ကလေးတွေက ခေါင်းချွေးထွက်ပြီး အအေးမိလွယ်ကြပါတယ်။ဆံပင်ရိတ်စက်လေးနဲ့ ပါးပါးလေးဖြစ်အောင်ညှပ်ပေးနိုင်ပါတယ်။

ကလေးမကြာခဏ နှာပိတ်နေရင်တော့ ၆ လလောက်မှာ ကတုံးရိတ်ပြီး ခေါင်းစွပ် လေးစွပ်ပေးထားရင်သက်သာပါလိမ့်မယ် ငယ်ထိပ်ကိုဆီတမျိုးမျိုး အမြဲလိမ်းပေးသင့်ပါတယ် ခေါင်းထဲမိတ်ထွက်နေရင်တော့ မိတ်ပျောက်မှ ကတုံးရိတ်ပါ မိတ်ဖုလေးတွေပြတ်ရှရင် ပိုးဝင်တတ်ပါတယ်။

Credit- May May

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။