‘မြန်မာပေါကားတွေရပ်’ အမည်နဲ့ ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီအတွင်း ရိုက်ကူးမှာဖြစ်ကြောင်း ဒါရိုက်တာမိုက်တီး ကနေ ပြောကြားခဲ့ပါတယ်။

‘‘ရုပ်ရှင်လောကထဲက အဖြစ်အပျက်တွေအတိုင်း၊ ရုပ်ရှင် လောကသားတွေ ပုံစံအတိုင်းပဲရိုက်မှာ။ ရုပ်ရှင်ကားတွေ မကောင်းတာတွေလည်းပါမယ်၊ ညံ့တာတွေလည်းပါမယ်။ အဲဒါ လေးတွေကို အပြင်ကဖြစ်နေတဲ့ အဖြစ်အပျက်တွေ အကုန်ပေါင်းပြီး ပျော်စရာလေးရိုက်မှာပါ’’ ရယ်လို့ ဒါရိုက်တာမိုက်တီးကနေ ပြောကြားခဲ့ပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ ၎င်းတို့၏ မိသားစုပိုင် ‘ဇော် ထုတ်လုပ်ရေး’အနေဖြင့် ပထမဆုံး ရိုက်ကူးသည့် ဇာတ်ကားဖြစ်ပြီး အဓိကသရုပ်ဆောင်များအဖြစ် အရိုင်း၊ကျော်ထူး၊ ခင်လှိုင်တို့ နှင့်အတူ ကျော်သူ၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်နှင့် အခြားအနုပညာရှင်များပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။

ဘာကြောင့်ဒီလိုရိုက်ရတာလဲဆိုတာကိုတော့ ဒါရိုက်တာမိုက်တီးမှ..

‘‘မြန််မာကားဆိုတာက ပေါတယ်ဆိုတာထက် ညံ့တယ်ဆိုရင် ပိုပြည့်စုံမှာပေါ့။ မြန်မာကားတွေ ညံ့တာက ညံ့တာပဲ။ ဒါကိုဘယ် သူမှ မငြင်းသလို ကိုမိုက်ကလည်း မငြင်းပါဘူး။ မြန်မာကားညံ့တဲ့ အပြင် Made In Burma မြန်မာပြည်တွင် ထုတ်လုပ်တာ ဘယ်ဟာများ ကောင်းတာရှိလို့လဲ၊ မြန်မာဆိုတဲ့ အရည်အချင်းက ဒီလောက်ပဲ ရှိတာပဲ။ ရုပ်ရှင်ကားတွေမှ ညံ့နေတာလား။ ကျန်တဲ့ Made In Burma ကော ကောင်း လို့လား။ အဲဒီအထဲမှာ ရုပ်ရှင်ညံ့တယ်ဆိုပြီး အားလုံးအုံလိုက်ဖွဲ့ပြီး ပြောစရာအကြောင်းမရှိဘူး။ လူတစ်ယောက်ချင်းစီအနေနဲ့ ဘယ်သူညံ့တယ်ဆိုတာ ပြောလို့ရတယ်။ အုံလိုက်ဖွဲ့ပြီး ပြောရအောင် ရုပ်ရှင်လောကက နိုင်ငံတော်ပုန်ကန်မှုကြီး လုပ်နေတာမဟုတ်ဘူး။ အဲဒါမျိုးတွေလည်း ပါနိုင်သလောက်ပါမှာပါ’’

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။