ဘေးမှာ ပိန်ပိန်ပါးပါးလှလှလေးတွေပဲများလာလို့လား၊ ခင်ပွန်းကို စိတ်မချလို့လား..ကြည်လဲ့လဲ့ဦးဝိတ်ချမယ်ဆိုတဖြ့ အကြောင်းရင်းကတော့ တခြားမဟုတ်ပါဘူး။ အနုပညာအလုပ်ကို သံယောဇဉ်မပြတ်သေးတဲ့အတွက် ၀ိတ်ချပြီး အနုပညာအလုပ်တွေ အကောင်းဆုံးပြန်လုပ်ဖို့လို့ ဆိုပါတယ်။

‘‘ဒီအလုပ်ကို သံယောဇဉ်မကုန်ဘူး။ ပြန်လုပ်ကြည့်မယ်။ ဘော်ဒီဗြူတီ ပြန်ကစားပြီး ဝိတ်ချမယ်။ အခု သားအငယ်ဆုံးလေး က (၂)နှစ်မပြည့်သေးတော့ သူ့ကို နို့ဖြတ်ပြီးတဲ့အချိန်ကျရင် အစားအသောက်တွေ ထိန်းနိုင်ရင်တော့ ဝိတ်ကျမယ်ထင်တယ်။ အဲဒီအချိန်ကျရင်တော့ ကိုယ်နဲ့ သင့်တော်မယ့် ကိုယ့်လူဟောင်းတွေပါတာဆိုရင် ပိုရိုက်ဖြစ်မယ်။ အဓိကကတော့ အနုပညာကို စိတ်မကုန်ဘူးဖြစ်နေတာပါ’’

နောက်ဆုံးရိုက်ကူးထားတဲ့ ဇာတ်ကားမှာဝါစိမ်းနီဖြစ်ပြီး သရုပ်ဆောင် ကြည်လဲ့လဲ့ဦးမှ..

‘‘ဝါစိမ်းနီလို ဇာတ်လမ်းမျိုးဆိုရင်တော့ အစ်မအတွက် ခက် ခက်ခဲခဲလုပ်စရာမလိုဘူး။ အခုချိန်မှာ ကျောင်းသားကားတွေ ဘာတွေဆိုတော့ အဆင်ပြေမှာ မဟုတ်ဘူး။ အဓိကကတော့ ဝိတ်ချတဲ့အခါမှာ အရင်ကလည်း ကိုယ်က သေးသေးသွယ်သွယ် မဟုတ်တော့ သင့်တော်ရုံလောက်ပဲဖြစ်မှာပါ။ ကိုယ်ပိုင် ထုတ်လုပ်ရေးကနေလည်း နောက်ပိုင်းမှာ ကြိုက်လို့စုထားတဲ့ ဇာတ်လမ်းတွေ ရိုက်သွားဖို့ရှိပါတယ်’’ လို့ ပြောကြားခဲ့ပါတယ်။

‘‘အခုက စီးပွားရေးကလည်း အခြေခိုင်နေတာနဲ့ ကလေးတွေ ကျောင်းတွေကလည်း ရှိသေး တော့ ချက်ချင်းကြီးတော့ မဟုတ် ပေမယ့် ကလေးတွေ အရွယ်ရောက်ရင် ပြန်လုပ်မယ်။ သားနှစ်ယောက်၊ သမီးတစ်ယောက်ရှိတော့ နံပါတ်(၁)ကတော့ အစ်မ မိသားစုသားသမီးတွေ ဘာမှမလစ်ဟင်းစေရဘူးပေါ့။ ဒီကြားထဲ အချိန်လေးအဆင်ပြေပြီး ကိုယ်လည်း သဘောကျတဲ့ ဇာတ်လေးဆိုရင်တော့ ရိုက်ဖြစ်မယ်’’ 

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။