ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်များ ၌ စနစ်သစ်ဖြင့် စတင်ပြေးဆွဲမည့် ယာဉ်လိုင်းနံပါတ်များနှင့် လမ်းကြောင်း ခရီးစဉ်များပြ လမ်းòန်ဆိုင်းဘုတ်များ တပ်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော်၏ ခရီးသည် ပို့ဆောင်ရေးကဏ္ဍတွင် ဇန်နဝါရီ ၁၆ ရက်မှစတင်ကာ ဘတ်စ်ကားပြေးဆွဲမှု စနစ်သစ်ကို စတင်မည်ဖြစ်ပြီး ယာဉ်လိုင်း အမှတ် ၁ မှ ၆၁ အထိ သတ်မှတ်ယာဉ် လိုင်း လမ်းကြောင်း များအလိုက် စတင် ပြေးဆွဲရမည်ဖြစ်သည်။

ထို့ကြောင့် သတ်မှတ်နံပါတ်၊ အရောင်နှင့် ခရီးစဉ်လမ်းကြောင်းများ ကို လမ်းညွှန်ဆိုင်းဘုတ်များတွင် ဖော်ပြ ကာ ဘတ်စ်ကားမှတ်တိုင်များတွင် ဇန်နဝါရီ ၁၃ ရက်က လိုက်လံတပ်ဆင် လျက်ရှိကြောင်း သိရသည်။

“မူလက လမ်းကြောင်း ၅၈ လိုင်း ပါ။ အခု လိုအပ်ချက်အရ ၆၁ လိုင်းအထိ ဖြစ်လာပါတယ်။ ထပ်တိုးနိုင်ပါတယ်။ အပြောင်းအလဲလေး ရှိနိုင်ပေမယ့် ဇန်နဝါရီ ၁၆ ရက်မှာစမယ့် စနစ်သစ် အတွက် မှတ်တိုင်တွေမှာ လမ်းညွှန်ဆိုင်း ဘုတ်တွေ တပ်နေပါတယ်။ လက်ကမ်း စာစောင်တွေလည်း အခမဲ့ဝေသွားမှာ ဖြစ်ပါတယ်။ Call Center ဖုန်းလိုင်းကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်” ဟု တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့၏ ခရီးသည်ပို့ဆောင် ရေးတွင် အဓိကကျသည့် ဘတ်စ်ကား စနစ် စတင်ပြောင်းလဲမှုတွင် အများ ပြည်သူများကလည်း ပူးပေါင်းပါဝင် လာပြီး စေတနာ့ဝန်ထမ်းအဖြစ် ပါဝင် ကူညီမှုများကို ဆောင်ရွက်ကြမည်ဟု သိရသည်။ ယာဉ်ရပ်မှတ်တိုင်များ၊ လမ်းညွှန်ဆိုင်းဘုတ်များကိုလည်း စည်း ကမ်းမဲ့ဖျက်ဆီးမှုများ မပြုလုပ်ဘဲ ပူးပေါင်းပါဝင်ကြရန်ကိုလည်း နှိုးဆော် ထားကြောင်း သိရသည်။

(၀၀၁)

MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။