မန်ယူနှင့် လီဗာပူးလ်ပွဲစဉ်တွင် သတိထားရမည့် မန်ယူကစားသမားတစ်ဦးရှိကြောင်း လီဗာပူးလ် နည်းပြယာဂန်ကလော့ပ်က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

တပည့်ဟောင်းဖြစ်သူ မက်ခီတာရန်မှာ သတိထားရမဲ့ ကစားသမားဖြစ်ကြောင်းကို ယာဂန်ကလော့ပ်က - "မန်ယူအသင်းဟာ ကျွန်တော်တို့ အသင်းနဲ့ ပထမတစ်ကြိမ်တွေ့ဆုံစဉ်ကထက် ယုံကြည်မှု ပိုရှိနေတယ်၊ သူတို့အသင်းသားတွေ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး နားလည်မှု ရှိလာကြပြီ၊ ဥပမာ မက်ခီတာရန်ဟာ အသင်းနဲ့ အံဝင်လာပြီ၊ သူတို့အသင်းရဲ့ ကစားပုံက သိသိသာသာ ပြောင်းလဲလာတယ်၊ မက်ခီတာရန်ဟာ သူ့ရဲ့ စွမ်းရည်တွေနဲ့ မန်ယူအသင်းရဲ့ tempo ကိုမြှင့်တင်ပေးလာတယ်၊ အားကစားစိတ်ဓာတ်ပြည့်ပြီး အကောင်းဆုံး အဆုံးသတ် သမားတစ်ယောက်ပါ၊ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ပါ၊ သူ့ကို သတိထားရမယ်" ဟု ၀န်ခံပြောကြားသွားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။