2016 အကယ်ဒမီ ဆုရှင်များအား www.iliemedia.com မှဖွင့်ချခဲ့ကြောင်း ခိုင်လုံသောရပ်ကွက်မှ သတင်းရရှိသည်။ပေါက်ကြားခဲ့သော ဆုရှင်များမှာ အောက်ပါ အတိုင်းဖြစ်သည်။

အကောင်းဆုံး ပူးတွဲ သရုပ်ဆောင်ဆုကိုတော့ "နင်လည်းကြာ ငါလည်းကျော်" ဇာတ်ကားမှ ကြာကူလီဇာတ်ရုပ်အဖြစ် အောင်လနှင့် စနှိုက်ကျော်ဇာတ်ရုပ်အဖြစ် ဝိုင်းစု မှလည်းကောင်း

နောက်ပူးတွဲဇာတ်လိမ်ဆုကိုတော့ ''အချစ်စစ်တို့လမ်းခရီးမည်သည်အငြောင့်၊အဆူး၊အခလုတ်တို့ပေါစမြဲ'' ဲဇာတ်ကားဖြင့်အန်ကယ်စိုးသူနှင့်တီတီဒါဒါတို့မှလည်းကောင်း

အကောင်းဆုံးအမျိုးသားဇာတ်မဆောင့်တဆောင်ဆုကို ''ကျယ်မအခြောက်ကာရိုက်တာလုံးဝမရိုက်ပါ''ဇာတ်ကားဖြင့် အောင်ရဲလင်းမှလည်းကောင်း

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကိုတော့ "မကာအိုမှ ချစ်သက်သေ" ဇာတ်ကားဖြင့် ဝတ်မှုံရွှေရည်မှ လည်းကောင်း

အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို "ကော်လံပေါ်မှ နှုတ်ခမ်းနီ"

ဇာတ်ကားမှ သက်ကြားရွယ်အိုအခြောက်ဇာတ်ရုပ်ဖြင့် စိုင်းစိုင်းမှ လည်းကောင်း

အကောင်းဆုံး နောက်ခံတေးဂီတဆုကို

"ကြောင်သေကြောင်သား လိ့ဖြစ်လား" ဇာတ်ကားဖြင့် ထူးအယ်လင်းမှလည်းကောင်း

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို

"ဦးနဲ့သမီး" ဇာတ်ကားမှ နီနီခင်ဇော်မှလည်းကောင်း

အကောင်းဆုံး ဓာတ်ရှင်ဇာတ်လမ်းဆုကို "လာထား ချူစား" ဇာတ်လမ်းဖြင့် YYA & TZNW မှ လည်းကောင်း

အကောင်းဆုံး ဇာတ်ညွန်းဆုကိုတော့ "ဘာလာလာ နိုး" ဇာတ်ကားဖြင့် မြန်မာပြည်သိန်းတန်မှ လည်းကောင်း

အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကိုတော့ "သွေးဆုံးမှ ရိုက်တာရပ်မဲ့ ဓါတ်ပုံ" ဇာတ်ကားဖြင့် မိုးယုစံမှ Pre wedding ဓာတ်ပုံများဖြင့် လည်းကောင်း

အကောင်းဆုံး ကလေးသရုပ်ဆောင်ဆုကိုတော့ ''ပင်လယ်ပျော်'' ဇာတ်ကားဖြင့် မရွှေမှုန်ရတီမှလည်းကောင်း

အကောင်းဆုံး ထုတ်လုပ်သူဆုကိုတော့ မသက်မွန်မြင့်၏အမျိုးသား ကိုစစ်နိုင်မှ ကလေးနှစ်ယောက်ဖြင့်လည်းကောင်း စသည်ဖြင့် အသီးသီး ရရှိမည်ဟု သိရသည်။

သတင်းအစုံအလင်အား www.iliemedia.com တွင် ဖတ်ရှု့နိုင်ပြီး ထိုပေါက်ကြားမှုအတွက် အကယ်ဒမီနေရာများအား

ပြန်လည်စီစစ်သွားမည်ဟုသတင်းရရှိသည်။

#MyMediaMyanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။