အမြွာနှစ်ယောက်ကို လွယ်ထားကာ မကြာခင် မွေးတော့ မဲ့ ချစ်သူဝေအတွက်တော့ ကလေးနှစ်ယောက်ကို လွယ်ထားရတဲ့ အချိန်တွေဟာ ပင်ပန်းမှာအသေအချာပါဘဲ။ မွေးဖွားရန် ခြောက်ရက်သာလိုတော့ပြီး ဆွေမျိုးတစ်သိုက်ရဲ့ ဂရုစိုက်မှုတွေနှင့်အတူ ချစ်သူဝေတစ်ယောက်ဟာဆေးရုံတက်နေလေရဲ့။ အနုပညာရှင် လင်မယားတွေထဲမှာ အချစ်တတ်ဆုံး တစ်ယောက်နှင့် တစ်ယောက် အယုယဆုံးထဲမှာသူတို့နှစ်ယောက်က ထိပ်ဆုံးကပါ။

ရင်သွေးလေးတွေမွေးဖွားဖို့အတွက် ဆေးရုံတက်နေတဲ့ မိန်းမကို အဆိုတော်ပြီပြီ ဂစ်တာလေးတီးကာ သီချင်းဆိုပြနေတဲ့ မြင်ကွင်းဟာ ကြည်နူးစရာကောင်းသလို အားကျဖို့လဲကောင်းပါတယ်။ ကလေးလေးကို ဂစ်တာတီးပြီးဆိုပြရတဲ့ ရည်ရွယ်ချက်ကတော့ ငိုသံတွေနှင့် ဘဝကို မစခင်မှာ သီချင်းသံလေးတွေနှင့် စစေချင်လို့ပါဆိုပြီး ပြောထားပါတယ်။

ဘာရယ်ဟုတ်ပါဘူး,,

ငိုခြင်းနဲ့ စ, မယ့် လူ့ဘဝမှာ

မတိုင်ခင်,,..

ဂီတ သံလေးတွေ ကြားလို့ကြားညား ပေါ့လေ ,,,

"Six days before my baby girls come to our world" ဟုရေးထားပါတယ်။ ချစ်သူဝေတစ်ယောက်ကတော့ ဇိမ်ခံပြီးနားထောင်နေလေရဲ့။ ချစ်ဖို့ကောင်းလိုက်ကြတာ....

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။