မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို မတ်လ (၁၈) ရက်နေ့တွင်

ကျင်းပပြုလုပ်မည်

အကယ်ဒမီ ဘယ်သူတွေရမလည်း ရင်ခုန်ရတော့မည့်ပွဲ

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို မတ်လ (၁၈) ရက်နေ့တွင်

ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက်

အခမ်းအနားကိုု ကူညီပ့ံပိုးလိုသည့် လုပ်ငန်းရှင်များနှင့်

အကယ်ဒမီရွှေကြိုများအတွက်

အဝတ်အစား၊ မိတ်ကပ်၊ လက်ဝတ်ရတနာ ပ့ံပိုးလိုသူများသည်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ပုံစံတောင်းယူ၍

ယခုုလ (၁၃) ရက်နေ့မှစပြီး (၃၁)ရက်နေ့နောက်ဆုံးထား

လျှောက်ထားနိုုင်ကြောင်းကိုု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက

ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အကယ်ဒမီရွှေကြိုအဖြစ် လျှောက်ထားလိုသူ

အမျိုးသား၊ အမျိုးသမီးများသည်လည်း

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လျှောက်လွှာရယူပြီး

ယခုုလ (၃၁) ရက်နေ့ ညနေ (၅) နာရီ နောက်ဆုံးထား

လျှှောက်ထားရမယ်လို့လည်း ကြေငြာချက်မှာ ပါရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။