ဒီတလောမှာတော့ အဆိုတော်ရဲရင့်အောင် နှင့် သင်ဇာနွယ်ဝင်းတို့ သတင်းဟာ ပြည့်နှက်နေပါတော့တယ်။ အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ နောက်ကြောင်းတွေ၊ ဘာတွေဘယ်လိုဖြစ်ခဲ့လဲဆိုတာ လူအများ စိတ်ဝင်စားနေကြပါတယ်။

ရဲရင့်အောင်နှင့် သင်ဇာနွယ်ဝင်းဟာ တွဲခဲ့တာလည်းတော်တော်ကြာခဲ့ပါတယ်။ လူသိရှင်ကြား ကြီး ပရိသတ်တွေကိုတော့ မပြောခဲ့ပေမယ့် သူတို့နှစ်ယောက်တွဲခဲ့တာကို လူတိုင်းသိကြပါတယ်။ ၂၀၁၆ နိုဝင်ဘာ လ အထိ သူတို့နှစ်ယောက်ဟာချစ် သူသဘာဝအရ တွဲလိုက်ပြန်ဆက်လိုက် ဖြစ်နေခဲ့သော်လည်း ဒီဇင်ဘာလ မှာတော့ သူတို့နှစ်ယောက် ပြတ်သွားခဲ့တယ်လို့သိရပြီး ရဲရင့်အောင်တစ်ယောက်ကတော့ feel နေခဲ့ပါတော့တယ်။

သို့သော်လည်း ရုတ်တရက်ဆို သလို သင်ဇာနွယ်ဝင်းတစ်ယောက်ဟာ သူမရဲ့ ချစ်သူ အသစ်ကို လူသိရှင်ကြား ချပြခဲ့ပြီး မင်္ဂလာဆောင်တော့မယ်လို့သိရပါတယ်။ ပြတ်ပြီးသွားသည့် တိုင်အောင် 'ရဲရင့်အောင်က လူကောင်းတစ်ယောက်ပါ' 'သူမကို မထိခိုက်ကြပါနှင့်ဆိုပြီး ထွက်လာတဲ့ စကားတွေအရ သူတို့နှစ်ယောက်ဟာ သံယောဇဉ်မပြတ်နိုင်သေးတာ အသိသာကြီးပါ။

ထိုကိစ္စနှင့် ပတ်သက်ပြီး ကောလဟာလအမျိုးမျိုးထွက်လာခဲ့ပါတယ်။ သင်ဇာနွယ်ဝင်းက ပစ်သွားတာပါတို့၊ အပိုင်ကြံတယ်နော်တို့၊ ဗိုက်ကြီးနေတာနေမှာပေါ့တို့ စတဲ့ ကောလဟာလမျိုးစုံ ထွက်လာခဲ့ပါတော့တယ်။ မိမိလက်ထပ်ယူမဲ့ ယောက်ျားတစ်ယောက်ကို အချိန်တို အတွင်းမှာ ဆုံးဖြတ်နိုင်တာတော့ ချီးကျူးရမှာပါ။

သူတို့ နှစ်ယောက်ရဲ့ အကြောင်းအကုန်လုံးကိုတော့ သူတို့ကိုယ်တိုင်သာသိမှာဖြစ်သော်လည်း သင်ဇာနွယ်ဝင်း နှင့် သူမရဲ့ ယောက်ျားလောင်းကတော့ ပျော်ရွှင်နေလေရဲ့.... ရွေးချယ်မှု မှန်ကန်ပါစေ သင်ဇာရေ.....

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။