သီတဂူဆရာတော်ကြီး၏ နှစ် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ်ထားရှိမည့် ကြေးပိဿာချိန် ၈၀၀၀ ကျော်ရှိ ကြေးခေါင်းလောင်းကြီးကို လူအင်အား၂၀၀ ခန့်ဖြင့် တစ်ညတည်းအပြီး သွန်းလောင်း

သီတဂူဆရာတော်ကြီး၏ နှစ် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ထားရှိမည့် ကြေးပိဿာချိန် ၈၀၀၀ ကျော်ရှိ ကြေးခေါင်းလောင်းကြီးကို ဇန်နဝါရီ ၁၀ ရက်က မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာအနီးရှိ တံတိုင်းရှည် သာစည်ရွာသစ်၌ တစ်ညတည်းအပြီး ကြေးသွန်းလောင်းမှု ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ခေါင်းလောင်းကြီးကို စစ်ကိုင်းမြို့ရှိ သီတဂူအကယ်ဒမီ ၀ိပဿနာရိပ်သာတွင် ထားရှိမည်ဖြစ်ပြီး ကြေးသွန်းလောင်းစဉ်က တမ္ပဝတီအရပ်ရှိ ကြေးသွန်းပညာရှင် ၂၀၀ နီးပါးဖြင့် ၀ိုင်းဝန်း ကြေးသွန်းလောင်းခဲ့ကြောင်း၊ ကြေးရည် သွန်းလောင်းနိုင်ရန်အတွက် ကြေးကျိုသည့် ဖို၂၂ ဖို အသုံးပြုပြင်ဆင်ခဲ့ရကြောင်း သိရသည်။

Source: Eleven Nwes

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။